အဌမမြောက် ဟယ်ရီပေါ်တာစာအုပ် ဇူလိုင်လတွင် ထွက်ရှိမည် ရိုက်တာ

အဌမမြောက် ဟယ်ရီပေါ်တာစာအုပ် ဇူလိုင်လတွင် ထွက်ရှိမည် ရိုက်တာ

မှော်အတတ်ပညာအကြောင်း ရေးဖွဲ့ထားသော နောက်ဆုံးထွက်ရှိထားသည့် ရောင်းအားအကောင်းဆုံး ဟယ်ရီပေါ်တာ ဝတ္တူစာအုပ် ဖြန့်ချိခဲ့ပြီးနောက် ကိုးနှစ်အကြာအတွင် အဌမမြောက် ဟာရီပေါ်တာ စာအုပ်ကို ဇူလိုင်လတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည် ဖြစ်သည်။

“Harry Potter and the Cursed Child Parts I & II” စာအုပ်ကို မြောက်အမေရိကနှင့် ဗြိတိန်တို့တွင် စာအုပ်ဖြန့်ချိသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းကို  ဒစ်ဂျစ်တယ် ebook စနစ်ဖြင့် ရောင်းချသွားမည်ဖြစ် သည်။ ယင်းစာအုပ်သည် ဇာတ်ကြောင်းကို ပြောပြသော ဝတ္တူစာအုပ်ထက် ပြဇာတ်တစ်ခုကဲ့သို့ ဖတ်ရှုခံစားနိုင်မည် ဖြစ်သည်။

ယင်းစာအုပ်တွင် ပေါ်တာကို မှော်ဌာနတွင် အလုပ်လုပ်နေသူ ကလေးသုံးယောက်ဖခင်အဖြစ် ရေးဖွဲ့ထားကြောင်း အမေရိကန် ထုတ်ဝေရေးကုမ္ပဏီ  Scholastic ၊ ဗြိတိန် ထုတ်ဝေရေးကုမ္ပဏီ Little ,Brown နှင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ကုမ္ပဏီ Pottermore တို့က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“စာရေးဆရာမ ဂျေကေရိုလင်းနဲ့ သူမရဲ့အဖွဲ့တွေဟာ ပြဇာတ်ကြည့်ဖို့ လန်ဒန်တွင် မနေထိုင် နိုင်တဲ့ ပရိတ်သတ်တွေနဲ့ စာအုပ်ကို ဖတ်ရှုလိုတဲ့ ပရိတ်သတ်တွေဆီက များပြားလှသော ပန်ကြားလွှာ တွေ ရထားတယ်။ ဒါကြောင့် သူတို့တွေ ဖတ်ရှုဖို့ လုပ်ဆောင်ပေးရတဲ့အတွက် အရမ်းကို ဝမ်းသာပါ တယ်” ဟု Little, Brown Book Group အမှုဆောင်အကြီးအကဲ ဒေးဗစ်ရှဲလီက ပြောကြားသည်။

စာအုပ်ကို လန်ဒန်တွင် ပြဇာတ်ဖွင့်လှစ်ပြီး နောက်တစ်နေ့ ပေါ်တာ၏ စိတ်ကူးယဉ်မွေးနေ့ ဖြစ်သော ဇူလိုင် ၃၁ ရက်တွင် ထုတ်ဝေသွားမည် ဖြစ်သည်။

ဟယ်ရီပေါ်တာ သတ္တမမြောက် စာအုပ်သည် ကမ္ဘာတစ်ဝန်းတွင် ဘာသာ ၇၉ မျိုးဖြင့် အုပ်ရေး ပေါင်း ၄၅၀ သန်းကျော် ရောင်းချခဲ့ရသည်။ ဟယ်ရီပေါ်တာ ရုပ်ရှင်သည် ကမ္ဘာတစ်ဝန်း အမေရိကန် ဒေါ်လာ ၇ ဘီလျံကျော် အမြတ်စွန်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required