ဘာစီလိုနာက ထွက်ခွာအပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ နယ်သာလန်တိုက်စစ်မှူး လီကီ မာတင်

ဘာစီလိုနာက ထွက်ခွာအပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ နယ်သာလန်တိုက်စစ်မှူး လီကီ မာတင်
Photo: PSG

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းကနေ လီကီ မာတင် ထွက်ခွာပြီးနောက် သူမကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ပြင်သစ်ကလပ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့တာပါ။

မာတင်ဟာ ၂၀၂၁ မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး စပိန်ကလပ်အသင်းနဲ့အတူ လိဂ်ဖလား ၃ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။

သူမဟာ ၂၀၁၇ မှာ နယ်သာလန်အသင်းနဲ့အတူ ဥရောပချန်ပီယံဆုကိုလည်း ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

"လှပတဲ့ ဒီမြို့ကြီးမှာ ထူးခြားကောင်းမွန်လှတဲ့ ဒီကလပ်မှာ ကြည်နူးစရာ ငါးနှစ်ကြာအပြီး ကျမ ကလပ်နဲ့ လမ်းခွဲပြီး စွန့်စားမှုအသစ်တစ်ခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ သူမက Instagram မှာ ရေးသားခဲ့ပါတယ်။

“အမျိုးသမီးဘောလုံးလောကရဲ့ ဦးဆောင်သူဖြစ်လာဖို့ ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်တစ်ခုကို ကလပ်က စတင်ခဲ့တဲ့အချိန် ကျမ ဘာစီလိုနာကို လာခဲ့တယ်။ ကျမတို့ ကြိုးကြိုးစားစားနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ချမှတ်ထားတဲ့ ပန်းတိုင်တွေကို အောင်မြင်ခဲ့တယ်လို့ ကျမ ယုံကြည်ပါတယ်။

“ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မှုက လုံးဝကို ထင်ဟပ်ပြသလိုက်တာဖြစ်သလို ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို (၂၀၁၇ မှာ) ဘာစီလိုနာကစားသမားအဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"ကျမရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်အကြောင်း ဒီသတင်းကို ကြေညာရတာ အရမ်းစိတ်လှုပ်ရှားမိတယ်။ ပဲရစ်မှာ ဒီစွန့်စားမှုအသစ်ကို စတင်ပြီး မယုံနိုင်စရာကောင်းလောက်တဲ့ အသင်းအဖွဲ့နဲ့ ကလပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပြီး ဂုဏ်ယူမိပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required