ပါကစ္စတန်ဖွား ယူကရိန်းဘီလျံနာက တိုက်လေယာဉ် ၂ စင်း ဝယ်ယူပြီး ယူကရိန်းအစိုးရကို ကူညီ

ပါကစ္စတန်ဖွား ယူကရိန်းဘီလျံနာက တိုက်လေယာဉ် ၂ စင်း ဝယ်ယူပြီး ယူကရိန်းအစိုးရကို ကူညီ

ပါကစ္စတန်ဇာတိဖြစ်သည့် ယူကရိန်းဘီလျံနာတစ်ဦး ဖြစ်သော မိုဟာမက် ဇာဟိုးသည် ရုရှား-ယူကရိန်း ပဋိပက္ခစစ်ပွဲထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ရုရှားတပ်များနှင့် တိုက်ခိုက်နေရသော ယူကရိန်းစစ်တပ်ကို ကူညီရန် တိုက်လေယာဉ်နှစ်စင်း ဝယ်ယူခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

ဇာဟိုးသည် ၎င်း၏ စီးပွားဖက် ပါတနာများ၏ အကူအညီကို ရယူပြီး အရှေ့ ဥရောပနိုင်ငံတစ်နိုင်ငံထံမှ ဆိုဗီယက်လုပ် တိုက်လေယာဉ်နှစ်စင်းကို ဝယ်ယူထားခဲ့သည်ဟု The Economic Times က သိရှိထားသည်။

အရှေ့ ဥရောပနိုင်ငံအချို့သည် စစ်အေးခေတ် ကာလအတွင်းက ဆိုဗီယက် ယူနီယံထံမှ တိုက်လေယာဉ်များကို လက်ခံရရှိထားခဲ့သည်။

ပါကစ္စတန်နှင့် ယင်း၏ မိတ်ဖက် ပါတနာနိုင်ငံ တရုတ်တို့သည် ယူကရိန်းနှင့် နီးကပ်သော ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုကို အတူမျှဝေရှိထားခဲ့ပြီး ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်စစ် ပဋိပက္ခ စတင်မဖြစ်ပွားခင်အထိ ယူကရိန်းထံမှ ကာကွယ်ရေး ပစ္စည်းများကို ဝယ်ယူထားခဲ့သည်။

ပါကစ္စတန်စစ်တပ်သို့ တင့်ကားများ ရောင်းချမှု အပါအဝင် ယူကရိန်းနှင့် ပါကစ္စတန်အကြား စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုက အိန္ဒိယ၏ လုံခြုံရေး အကျိုးတရားများကို အန္တရာယ်ရှိထားစေခဲ့သည်။

ယမန်နှစ်က ပါကစ္စတန်နှင့် ယူကရိန်းတို့သည် အထူးသဖြင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး၊ လေ့ကျင့် သင်ကြားရေး၊ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးနှင့် ထောက်လှမ်းရေး နယ်ပယ်များ အပါအဝင် နှစ်နိုင်ငံ စစ်တပ်အချင်းချင်းအကြား ဆက်ဆံရေးကို ထပ်မံ သင့်မြတ်ကောင်းမွန်အောင် ဆောင်ရွက်ရန် သဘော တူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required