ဘောလခဲမြို့နယ်၊ စောလုံကျေးရွာ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ 

ဘောလခဲမြို့နယ်၊ စောလုံကျေးရွာ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ 

ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အတွင်းရှိ စောလုံကျေးရွာအား ယနေ့ မေလ ၁၇ မနက် ၄ နာရီ ဝန်းကျင်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခဲ့သည်ဟု ဘောလခဲ PDF ကထုတ်ပြန်သည်။ 

ထိုသို့ တိုက်ခိုက်မှုကြောင့် စောလုံကျေးရွာရှိ  အသက် ၁၇ နစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သက်ကြီးပိုင်း အမျိုးသား လေးဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ကျေးရွာ ဆေးပေးခန်း အဆောက်အအုံ နှစ်လုံး၊ လူနေအိမ် ခြောက်လုံး နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင် ပါ၀င်သည်။ 

ဘောလခဲခရိုင်တွင် ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲသည်မှာ သုံးကြိမ်ရှိပြီဖြစ်၍   ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ဘောလခဲ PDF က တိုက်တွန်းထားသည်။

ပြီးခဲ့တဲ့ မတ်လ ၂၃ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးသို့ စစ်ကောင်စီက  ဂျက်လေယာဉ်တစ်စီးဖြင့် ငါးကြိမ် လာရောက်ပစ်ခတ်ခဲ့၍  သစ်လုပ်ငန်းလုပ်ကိုင်နေသည့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရပြီး သုံးဦးသေဆုံးခဲ့သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly