ကုလလူ့အခွင့်အရေးအကြီးအကဲ၏ တရုတ်သို့ အကန့်အသတ်ဖြင့်သွားခဲ့ရသည့်ခရီးစဉ်အပေါ် အီးယူက အားရကျေနပ်မှုမရှိ

ကုလလူ့အခွင့်အရေးအကြီးအကဲ၏ တရုတ်သို့ အကန့်အသတ်ဖြင့်သွားခဲ့ရသည့်ခရီးစဉ်အပေါ် အီးယူက အားရကျေနပ်မှုမရှိ

ကုလသမဂ္ဂလူ့အခွင့်အရးအကြီးအကဲ မီချဲလ်ဘက်ချလက်၏ ရှင်ကျန်းခရီးစဉ်အတွင်း၌ နှိပ်စက်ညှင်းပန်း ခံနေရသော လူစုများ၊ တစ်ဦးချင်းစီနှင့် ထိန်းသိမ်းရေးစခန်းများဆီသို့ အပြည့်အဝ မသွားရောက်နိုင်ခဲ့သည့်အပေါ် ကျေနပ်အားရမှုမရှိဟု ဥရောပသမဂ္ဂ (အီးယူ) က ပြောသည်။

အလွတ်သဘောစောင့်ကြည့်ခြင်း၊ အချက်အလက်ရှာဖွေခြင်းနှင့် စုံးစမ်းစစ်ဆေးမှုများသည် တရုတ်အနောက်ပိုင်း ပြည်နယ်မှ အခြေအနေများကို သင့်တင့်လျောက်ပတ်စွာ အကဲဖြတ်ရန် ယုံကြည်စိတ်ချရသော နည်းလမ်းများ ဖြစ်သည်ဟု အီးယူ၏ ပြည်ပရေးရာပြောရေးဆိုခွင့်ရှိသူ နာဘီလာမက်ရာလီ ကဆိုသည်။

လွတ်လပ်တဲ့အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်ပေးသူများနှင့် ထိန်းသိမ်းရေးစခန်းများသို့ လူ့အခွင့်အရေးမဟာမင်းကြီးသွားရောက်ခွင့် ကန့်သတ်ခံရခြင်းနှင့် ရှင်ကျန်းရှိ နိုင်ငံရေးဆိုင်ရာ ပြန်လည် ပညာပေးရေးစခန်းများသို့ အပြည့်အဝ သွားခွင့်မရခဲ့သည့်အပေါ် မိမိတို့ ကျေနပ်အားရမှုမရှိကြောင်းစုံစမ်း စစ်ဆေးမှုမပြုလုပ်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ နာဘီလာမက်ရာလီကပြောသည်။

ရှင်ကျန်းက လူ့အခွင့်အရေးအခြေအနေများအကြောင်း အဝေးမှ စောင့်ကြည့်အကဲဖြတ်ထားသော အစီရင်ခံစာကို ဦးစားပေးအနေဖြင့် ထုတ်ပြန်ရန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးကို အီးယူက တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly