အရှေ့တာကစ္စတန်အပေါ် တရုတ်၏ ထိန်းချုပ်မှုများနှင့်ရက်စက်ကြမ်းကြုတ်မှုများက သိမ်းပိုက်ရန် ရည်ရွယ်ခြင်းသာဖြစ်

အရှေ့တာကစ္စတန်အပေါ် တရုတ်၏ ထိန်းချုပ်မှုများနှင့်ရက်စက်ကြမ်းကြုတ်မှုများက သိမ်းပိုက်ရန် ရည်ရွယ်ခြင်းသာဖြစ်

အရှေ့တာကစ္စတန်အပေါ် တရုတ်ထိန်းချုပ်မှုသည် အကြမ်းဖက်နှိမ်နင်းရေးဟူသော မူမမှန်သည့် အကြောင်းပြချက်အောက်၌ လူမျိုးတုံးသတ်ဖြတ်မှုဆင်နွှဲနေကာ ဒေသကို သိမ်းပိုက်သည့် တရုတ်အစိုးရ၏ ဗျူဟာတစ်ခုသာဖြစ်သည်ဟု The Jerusalem Post ၌ ဖော်ပြထားသည်။

အရှေ့ တာကစ္စတန်ကို ခွဲခြား၍မရသော တရုတ်၏အစိတ်အပိုင်း ဖြစ်လာစေရေးအတွက် တရုတ်၏ အဓိက ရည်ရွယ်ချက်မှာ တာကစ်နှင့်ဝီဂါလူမျိုးများကို အမြစ်ပြတ်ချေမှုန်းရန်ဖြစ်သည်ဟု ဆိုသည်။

တရုတ်အာဏာပိုင်များသည် ဝီဂါ၊ ကာဂျစ်၊ ကာဇက်နှင့် တာကစ်လူမျိုးများ ၃ သန်းထက်မနည်းကို ပြန်လည်ပညာပေးရေးစခန်းဟုခေါ်သော ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခဲ့သည်။

တရုတ်အစိုးရ၏ အဆိုအရ အရှေ့တာကစ္စတန်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ထိုလုပ်ရပ်မှ ရရှိလိုက်အသောအရာမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ သိမ်းပိုက်မှုနှင့် ကိုလိုနီပြုခြင်းတို့သာ ဖြစ်သည်။

တာကစ်နှင့် ဝီဂါမျိုးနွယ် ရာပေါင်းများစွာသည် လူရာမသွင်းမှုနှင့် ကမ်းကုန်သော ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားခဲ့ကြရသလို အများအပြားမှာ တရုတ်အဖွဲ့အစည်းများစွာ၏ အဓမ္မအလုပ်ခိုင်းမှုကို ခံခဲ့ရသည်။

ထို့ပြင် တရုတ်အစိုးရက တာကစ်လူမျိုးများ၏ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် တိုက်ပွဲဝင်မှုကို “ခွဲထွက်ရေး” ၊ ဘာသာတရားကိုင်းရှိုင်းမှုကို "အစွန်းရောက်မှု” နှင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းအပါအဝင် တရုတ်သိမ်းပိုက်မှုနှင့်ကိုလိုနီပြုခြင်းတို့ကို ဆန့်ကျင်မှုမှန်သမျှကို “အကြမ်းဖက်မှု” အဖြစ် တံဆိပ်ကပ်ကာ အကြမ်းဖက်မှုဆိုင်ရာကမ္ဘာ့စစ်ပွဲကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။

တရုတ်အစိုးရက အရှေ့တာကစ္စတန်အား ရှင်ကျန်း (နယ်မြေသစ်) ဟု အမည်ပေးလျက် ၎င်း၏ အစိတ်အပိုင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုဆဲဖြစ်သည်။ သို့သော် သမိုင်းမှတ်တမ်းများအရ အရှေ့တာကစ္စတန်သည် မည့်သည့်အခါကမျှ တရုတ်အစိတ်အပိုင်းမဟုတ်ခဲ့ဘဲ ထိုနေရာတွင်နေထိုင်သူများသည်

လွတ်လပ်မှုရှိခဲ့သည့် သမိုင်းကြောင်း ရှည်လျားခဲ့သည်ဟု The Jerusalem Post က ဖော်ပြသည်။ တရုတ်အစိုးရက အရှေ့တာကစ္စတန်တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အလွတ်သဘော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများကို ယခုအချိန်အထိ ခွင့်မပြုသေးကြောင်း Jerusalem Post က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly