ကော့ကရိတ်မြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းနေရာအချို့ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်

ကော့ကရိတ်မြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းနေရာအချို့ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်

ဧပြီ ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် ယမန်နေ့ ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်စခန်းချထားသည့် နေရာအချို့ကို KNLAပူးပေါင်းတပ်မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အနီးရှိ စစ်ကောင်စီတပ်နှင့်နယ်ခြားစောင့်တပ်(BGF)တို့တပ်စွဲထားသည့် တောင် ကြာအင်း ရဲကင်းစခန်း၊ တောင်ကြားအင်း တံတားထိပ်၊ စာသင်ကျောင်းဝင်းနှင့် ဂိတ်ကင်းစခန်းအချို့ကို ညနေ ၆ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲစဖြစ်တာက နေ့လယ်လောက်မှာပါ။ ညနေ ၆ နာရီခွဲမှာတော့ ကျနော်တို့ စစ်ကောင်စီစခန်း အချို့ကို သိမ်းနိုင်ခဲ့တယ်။ သူတို့ဖက်မှာအကျအဆုံးများသလို ကျနော်တို့ဖက်မှာလဲ ထိခိုက်မှုတွေ ရှိပါ တယ်။ ရွာသားတွေလည်း ထိထားတယ်ဗျ။ စစ်ရေးဖြစ်နေလို့ ဒီလောက်ပဲပြောလို့ရပါတယ်”ဟု ရှေ့တန်း ရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် မြဝတီ-ကော့ကရိတ် အာရှကားလမ်းမပေါ်တွင် ကား ၁၀ စီးနီးပါး မီးရှို့ခံထား ရကြောင်းသိရသည်။

တောင်ကြာအင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးအများအပြားအသုံးပြုခြင်း၊ ကျိတ်ရွာ တိုက်ပွဲတွင် စစ်ကောင်စီမှ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း ရွာသားအချို့ သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာသူများရရှိခဲ့သည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ပြောခွင့်ရ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက “ အနီးကပ်ရက် ကျောင်းဝင်းထဲမှာလည်း စစ်တပ်ကစခန်းချထားတယ်လေ။ အဲဒါတွေပါ အကုန်ပါတာပေါ့။ ရတဲ့စာရင်း တွေကလည်း ညမှဆက်သွယ်ထားတော့ အခုမှ ရှင်းတုန်းရှိသေးတယ်။ အသေအချာပြောနိုင်တာကတော့ မနေ့ညနေ ၇ နာရီလောက်မှာ တောင်ကြာအင်းရဲစခန်းကို သိမ်းပိုက်နိုင်ပါတယ်။ အသေးစိတ် အချက် အလက်တော့ ကျွန်တော်မရသေးဘူး ” ဟု ပြောကြားသည်။

အဆိုပါ ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

#Mizzima

#ကရင်ပြည်နယ်

#ကော့ကရိတ်မြို့နယ်

#KNLA

#BGF

#စခန်းသိမ်းတိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly