ဦးမန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော် အစည်းအဝေးတက်ရောက်လေ့လာ

ဦးမန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော် အစည်းအဝေးတက်ရောက်လေ့လာ
ဓာတ်ပုံ - နေသာ

နေပြည်တော်၊ဇန်နဝါရီ ၂၅ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် လျာထားသည်ဟု နာမည်ထွက်ပေါ်နေသည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းသည် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ဇန်နဝါရီ ၂၅ရက်နေ့က လာရောက်လေ့လာခဲ့သည် ကိုတွေ့ရသည်။
 
NLDပါတီ၏ အနိုင်ရကိုယ်စားလှယ်အများစုအနက် ဦးမန်းဝင်းခိုင်သန်းသည် လွှတ်တော်အစည်းအဝေးများသို့လာရောက်လေ့လာနေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။

အခြားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဦးမန်းဝင်းခိုင်သန်းအား လာရောက်ကာ နှုတ်ဆက်သည်ကို တွေ့ရသည်။

NLD ပါတီ မှ ပြည်သူ့လွှတ်တော် ဥက္ကဌ နေရာအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းတို့အားလျာထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က ပြည်ပမီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ယင်းသတင်းအပေါ် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်းကမူ ဗဟိုဆုံးဖြတ်ချက်မဟုတ်ကြောင်း မီဒီယာများသို့ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required