ဆိုးလ်၊ ဇန်နဝါရီ ၂၃ ။ ။ တောင်ကိုရီးယား မင်းသမီး မွန်ဂိုယောင်းသည် လွန်ခဲ့သည့် ၁၃ နှစ်အတွင်း အကူညီလိုအပ်နေ သည့် သူများကို အကူညီပေးရန် ဝမ်ငွေ သန်း ၉၃၀ ကျော် လှူဒါန်းခဲ့ကြောင်း ပြည်တွင်း သတင်းဌာ နကတစ်ခုက ဇန်နဝါရီ ၂၂ ရက်တွင် သတင်း ထုတ်ပြန်သည်။
မွန်ဂိုယောင်းသည် ၂၀၀၃ ခုနှစ်က လူနာရှင်များအတွက် ခွဲစိတ်မှု ကုန်ကျစရိတ်များ ထောက်ပံ့ ပေးရန် Community Ches of Korea အကျိုးအမြတ် မလိုလားသော အဖွဲ့ကို စတင် လှူဒါန်းခဲ့သည်။ လွန်ခဲ့သည့် ၁၃ နှစ်အတွင်း အသက်၂၈ နှစ်အရွယ် မင်းသမီး မွန်ဂိုယောင်း၏ လှူဒါန်းငွေ စုစုပေါင်း သည် ဝမ်ငွေ သန်း ၉၃၀ ရှိသည်။
“Honor Society” ကို ငွေကြေး အမြောက်အများကို လှူဒါန်းသည့် အလှူရှင် ထောင်ပေါင်းများ စွာဖြင့် ဖွဲ့စည်းထားပြီး လူမှုအသိုင်းအဝိုင်းကို လေးစားကြသည်။
“Honor Society” အဖွဲ့ဝင်စားရင်းတွင် မွန်ဂိုယောင်း၏ နာမည်ပါဝင်ပြီး အနုပညာရှင်များဖြစ် သော အန်ဂျေဝူ၊ ပက်ခ်ဟေးဂျင်၊ ကင်ဘိုဆောင်၊ Girls’ Generation အဖွဲ့ဝင် ယွန်န ၊ miss A အဖွဲ့ဝင် ဆူဇီ ၊ ဘောလုံးကစားသမား ပက်ခ်ဂျီအောင်နှင့် အခြားသူများလည်း ပါဝင်သည်။
မွန်ဂိုယောင်းသည် ၂၀၀၃ ခုနှစ်ကတည်းက ကင်ဆာရောဂါ နှင့် ဖြစ်တောင့်ဖြစ်ခဲ ကုစား၍ မရနိုင်သော ရောဂါခံစားနေရသည့် ကလေးသူငယ်များ ခွဲစိတ်ခအတွက် အကူညီပေးလျက် ရှိသည်။