တရုတ်ကို တန်ပြန်ရန် ဥရောပသမဂ္ဂက အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်

တရုတ်ကို တန်ပြန်ရန် ဥရောပသမဂ္ဂက အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်

အာဖရိကတွင် တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းကို တန်ပြန်သည့် ရည်ရွယ်ချက်ဖြင့် မကြာသေးမီက ဥရောပသမဂ္ဂသည် အာဖရိကနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ အကူအညီပေးမည်ဟု ကတိပြုလိုက်သည်။

ဖေဖော်ဝါရီလတွင် အာဖရိကသမဂ္ဂ (AU) နှင့် ဥရောပသမဂ္ဂ (EU) ၏ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ့အကြီးအကဲများ သို့မဟုတ် အစိုးရများသည် ဘရပ်ဆဲလ်တွင် ၆ ကြိမ်မြောက် ဥရောပသမဂ္ဂ-အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးအတွက် တွေ့ဆုံခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးအတွင်း EU နှင့် AU ခေါင်းဆောင်များသည် အသစ်ပြန်လည် မိတ်ဖက် ဆက်ဆံရေးအတွက် ပူးတွဲမျှော်မှန်းချက်တစ်ရပ်ကို သဘောတူခဲ့ကြသည်။

တရားဝင်ဖတ်ကြားချက်အရ ယင်းပူးပေါင်းဆောင်ရွက်မှုသည် သမဂ္ဂနှစ်ခုစလုံးမှ ပြည်သူများ၏ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။

အဆိုပါ အစည်းအဝေးသည် ဘုံဦးစားပေးခြင်းများ၊ မျှဝေတန်ဖိုးများနှင့် နိုင်ငံတကာဥပဒေများကို မြှင့်တင်ရန် ရည်ရွယ်သည်။

ယင်းတွင် လူသားအားလုံးအတွက် လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး၊ ကျားမတန်းတူညီမျှမှုနှင့် လူမှု့ဘဝနယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့လည်း ပါဝင်သည်။

ထိပ်သီးအစည်းအဝေးအတွင်း ထုတ်ပြန်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ တန်ဖိုးရှိသော အာဖရိက-ဥရောပ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သည် ၂၀၂၀ပြည့်နှစ် ဘုံရည်မှန်းချက်နှင့် ၂၀၆၃ခုနှစ် အာဖရိကသမဂ္ဂအစီအစဉ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC) အစည်း အဝေးအပြီး လအနည်းငယ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အာဖရိက-တရုတ် ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဖရိကအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ကတိပြုခဲ့ပြီး တရုတ်၏ ယခင်ကတိကဝတ်များထက် သုံးပုံတစ်ပုံ လျော့နည်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly