အမေရိကန်အောက်လွှတ်တော်က တရုတ်နှင့် ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေကြမ်းကို အတည်ပြု

အမေရိကန်အောက်လွှတ်တော်က တရုတ်နှင့် ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေကြမ်းကို အတည်ပြု

အမေရိကန် အောက်လွှတ်တော်သည် တရုတ်နိုင်ငံနှင့်အမေရိကန် စီးပွားရေးယှဉ်ပြိုင်မှု အားကောင်းစေရန် America COMPETES Act ဥပဒေကို ဖေဖော်ဝါရီ ၄ ရက်က အတည်ပြုလိုက်ပြီးထိုင်ဝမ်နှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးအတွက် ထောက်ခံကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။

အောက်လွှတ်တော်က ထောက်ခံမဲ ၂၂၂ မဲ ကန့်ကွက်မဲ ၂၁၀ မဲဖြင့် အတည်ပြုလိုက်သည့် အဆိုပါဥပဒေမူကြမ်းသည် ကမ္ဘာ၌ ချစ်ပ်ပြားပြတ်လပ်နေချိန်တွင် အမေရိကန်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ပတ်သက်သည့် ထုတ်လုပ်မှုနှင့် သုတေသနကို ပံ့ပိုးရန် အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ ထောက်ပံ့ ပေးမည်ဖြစ်သည်။

အမေရိကန်၏ ထောက်ပံ့ရေးကွင်းဆက်များနှင့်နိုင်ငံတွင်းကုန်ထုတ်လုပ်မှုကို အားကောင်းစေရန် ဒေါ်လာ ၄၅ ဘီလီယံကိုလည်း ခွင့်ပြုပေးမည်ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီမှ တင်ပြသည့် ဥပဒေကြမ်းတွင် လွှတ်တော်အမတ်များက ယခင်က တင်သွင်းထားသော ထိုင်ဝမ်ကိုထောက်ခံသည့် ဥပဒေ အပိုင်းများစွာကိုလည်း ထည့်သွင်းထားသည်။

၎င်းတို့တွင် ထိုင်ဝမ် Fellowship အက်ဥပဒေ၊ ထိုင်ဝမ်သံတမန်ပြန်လည်သုံးသပ်ရေးဥပဒေ၊ ထိုင်ဝမ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဥပဒေ၊ တိုင်ပေအက်ဥပဒေနှင့် ထိုင်ဝမ်နိုင်ငံတကာ စည်းလုံး ညီညွတ်ရေးဥပဒေတို့ ပါဝင်သည်။

ပြီးခဲ့သည့် ဇွန်လက အမေရိကန် အထက်လွှတ်တော်သည် အမေရိကန်တီထွင်ဆန်းသစ်ခြင်းနှင့် ယှဉ်ပြိုင်မှုအက်ဥပဒေဟူသော အလားတူဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့သည်။

ယခုဥပဒေမူကြမ်းကို သမ္မတဂျိုးဘိုင်ဒင်ထံ မပေးပို့မီတွင် လွှတ်တော်အမတ်များသည် မူကွဲနှစ်ခုကြားရှိ ကွဲလွဲမှုများကို ပြန်လည်ညှိနှိုင်းရမည်ဖြစ်ကာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံးမှ ထပ်မံမဲပေးရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly