ဘောလုံးသမားဟောင်း ခင်မောင်ထွန်းကို အထွေထွေမန်နေဂျာအဖြစ် ဧရာဝတီခန့်အပ်

ဘောလုံးသမားဟောင်း ခင်မောင်ထွန်းကို အထွေထွေမန်နေဂျာအဖြစ် ဧရာဝတီခန့်အပ်
ဧရာဝတီအသင်း အထွေထွေအတွင်းရေးမှူးဖြစ်လာသည့် ခင်မောင်ထွန်း။

ဒီဇင်ဘာ ၁၅၊ ရန်ကုန်။            ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံအက်ဖ်စီ ကစားသမားဟောင်း ခင်မောင်ထွန်းကို အသင်းအထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည်။

ခင်မောင်ထွန်းမှာ ၂၀၁၄ဘောလုံးရာသီမှစတင်ကာ ကစားသမားဘဝမှအနားယူခဲ့ပြီး ရတနာပုံအသင်းခေါင်းဆောင်အဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ၃ကြိမ်၊ AFC President's Cup ချန်ပီယံ ၁ကြိမ်ဖြစ်ဖူးကာ မြန်မာ့လက်ရွေးစင် အသင်းနှင့်လည်း မာဒေးကားချန်ပီယံဖြစ်ခဲ့ဖူးသည်။ “ဧရာဝတီအသင်းက ကျွန်တော့်ကို ကမ်းလှမ်းလာလို့ ဒီအလုပ်ကိုလက်ခံခဲ့တာပါ။ ကျွန်တော့်အတွက် အုပ်ချုပ်မှုအတွေ့အကြုံအများ ကြီးရလာနိုင်ပါတယ်။ နည်းပြလုပ်ဖို့ကတော့ လိုင်စင်သင်တန်းတွေပြန်တက်ပြီး အချိန်ယူရပါဦးမယ်။”ဟု ခင်မောင်ထွန်းကဆိုသည်။

ဧရာဝတီအသင်းသည် ၂၀၁၆ဘောလုံးရာသီအတွက် ကစားသမား၊ နည်းပြ၊ အုပ်ချုပ်အဖွဲ့အားလုံးအပြောင်း အလဲလုပ်ထားပြီး မက်ဆီဒိုးနီးယားနည်းပြ မာယန်နှင့်လည်း လမ်းခွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required