ဖားကန့်ဒေသ ဥရုချောင်းတူးဖော်ရာတွင်် မြို့နယ်အထောက်အကူပြုအဖွဲ့က ကန့်ကွက်

ဖားကန့်ဒေသ ဥရုချောင်းတူးဖော်ရာတွင်် မြို့နယ်အထောက်အကူပြုအဖွဲ့က ကန့်ကွက်
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အနီးမှ ဥရုချောင်းတစ်နေရာ။ ဓာတ်ပုံ - Kachin Land

ဇန်နဝါရီ ၁၄ ။              ။ ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသရှိ ဥရုချောင်းရေရှည်တည်တံ့ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ကျောက်မျက်ကုမ္ပဏီများ စုပေါင်းကာ တူးဖော်ပေးခြင်းကို မြို့နယ်အထောက်အကူပြုအဖွဲ့က ဆန့်ကျင်ကန့်ကွက်နေသည်ဟု ကျောက်တူးဖော်ရေးကုမ္ပဏီများ က ပြောကြားသည်။

နှစ်စဉ်နွေရာသီရောက်တိုင်း ချောင်းတူးဖော်ပေးရေးနှင့် ဒေသခံများသွားလာရေးလွယ်ကူ စေရန်တံတားတည်ဆောက်ပေးရန် တင်ပြတိုင်း ရေမဆေးသမားများ၊ အဖွဲ့အစည်းများနှင့် ဒေသခံများ က မကန့်ကွက်ဘဲ မြို့နယ်အထောက်အကူပြုအဖွဲ့က အမြဲကန့်ကွက်သည်ဟု စွတ်ရန်အောင်ကျေးရွာ အနီး ကျောက်စိမ်းတူးဖော်ရေးလုပ်ကိုင်နေသော ကုမ္ပဏီကြီးတစ်ခု၏ တာဝန်ခံကပြောသည်။

''ကျွန်တော်တို့ကုမ္ပဏီတွေ စလုပ်တော့မယ်ဆိုရင် ကျောက်ရတာမရတာအသာထား ဒေသခံတွေ အဆင်ပြေအောင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောက်ပေးတယ်၊ လမ်းဖောက်ပေးတယ်၊ ရေကန် တူးပေးတယ်။ မြေဇာဆိုလဲလုပ်ကွက်နဲ့ ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာသွားပစ်တယ်။ ဥရုချောင်း ရေစီးရေလာ ကောင်းအောင် ကုမ္ပဏီတွေစုပေါင်းပြီး စေတနာနဲ့ဖော်ပေးမယ်၊ စက်ယန္တရား ကြီးတွေ ကူညီမယ်။ တံတားဆောက်ပေးမယ်လို့ပြောလိုက်ရင် ကျေးရွာအုပ်ချုပ်ရေးမှူးက အစလက်ခံ တယ်။ မြို့နယ်အထောက်အကူပြုအဖွဲ့က အမြဲဆန့်ကျင်ကန့်ကွက်တယ်။ ပြီးရင်ဒေသ ဖွံ့ဖြိုးရေး မလုပ်ပေးဘူးလဲ ဆိုသေးတယ်။ တစ်ခုခုဖြစ်လာရင် ကုမ္ပဏီတွေကိုအားလုံးလက်ညိုးထိုးကြတယ်။'' ဟု ၎င်းကဆိုသည်။

ဖားကန့်ဒေသတွင် ဥပဒေအကျိုးဆောင်လုပ်နေသည့် ရှေ့နေဦးလှမောင်က ကုမ္ပဏီများမှာစေတနာ နှင့် အများအကျိုး၊ ဒေသအကျိုးဆောင်ရွက်ပေးသော်လည်း မြို့နယ်အထောက်အကူပြု အဖွဲ့အမြင်မှာ ကျောက်စိမ်းလိုချင်၍ဥရုချောင်းကို ဆယ်ပေးသည်ဟုမြင်နေကြောင်းပြောသည်။

ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ ကုမ္ပဏီများ၏ ကူညီမှုအင်အားယူကာ ဥရုချောင်းနှင့် ချောင်းလက်တက် များ ဆယ်ယူရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က မဇ္ဈိမသို့ပြောသည်။

''နေရာအလိုက် ပိျွုင့်အလိုက်ဆောင်ရွက်နေပါပြီ၊ ၁ ရက်နေ့ကစပြီး ဆန်ခါချောင်း၊ ဆန်ခါပေါက်ဝ၊ ဆန်ခါနဲ့လုံး ခင်းကြားက ဥရုချောင်းတလျှောက်၊ ဖားကန့်မြို့ပေါ် မော်ဝမ်းချောင်းနဲ့ ဥရုချောင်း တလျှောက်၊ ဥရုရတနာတံတားထိပ်ကနေ ဆန်းကြွယ်အထိ၊ မန နဲ့ ဖားပြင် ဖက်တွေလဲလုပ်နေပြီ။ တပ်မမှူးနဲ့ ကျွန်တော်တို့တွေ အင်္ဂါနေ့တိုင်းကွင်းဆင်းစစ်ဆေးမှုတွေလုပ်တယ်၊ အားလုံးနဲ့ပူးပေါင်း လုပ်ဆောင်နေပါတယ်။ စွတ်အောင်ဖက်လည်းလုပ်တော့မယ်၊ အဲ့ဒီ စွတ်ရန်အောင်၊ ကရင်ချောင် ဖက်တော့မရောက်သေးဘူး။'' ဟုပြောကြားသည်။

မရှီကထောင် နှစ်ခြင်းအသင်းတော်မှ ဆရာဦးတူးခေါင်က ဥရုချောင်းတူးဖော်ခြင်းမှာ နိုင်ငံတော် အတွက် လုပ်ဆောင်သည်ဖြစ်၍ ကောင်းသည်ဟုမြင်ကြောင်း၊ မကောင်းမြင်သူ အဆိုးမြင်သူများအား ဘာမှမပြောလိုဘဲ အားလုံးကောင်းစေချင်၍ လုပ်ဆောင်ပေးသည်ကို အပြစ်မမြင် သင့်ကြောင်း မိန့်ကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required