မြန်မာအမျိုးသမီးအသင်းနည်းပြသစ် ရော်ဂျာ တစ်ပတ်အတွင်း မြန်မာနိုင်ငံရောက်မည်

မြန်မာအမျိုးသမီးအသင်းနည်းပြသစ် ရော်ဂျာ တစ်ပတ်အတွင်း မြန်မာနိုင်ငံရောက်မည်

ဇန်နဝါရီ ၁၁၊ ရန်ကုန် ။          ။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူမည့် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရီဂျီနာမှာ ဇန်နဝါရီလဒုတိယအပတ် အတွင်းမြန်မာနိုင်ငံသို့ရောက်ရှိမည်ဖြစ်သည်။

ရော်ဂျာမှာ နယ်သာလန်အမျိုးသမီးလက်ရွေးစင်အသင်းကို ၂၀၁၀ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည်။ ၎င်းလက်ထက်တွင် နယ်သာလန် အမျိုးသမီးလက်ရွေးစင်အသင်းမှာ ၂၀၁၃ ဥရောပဖလားပြိုင်ပွဲ၊ ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ဥရောပဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်၊ ၂၀၁၅ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆သင်းအဆင့်ရှုံးထွက်သို့တက်ရောက်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအတွက်ပြင်ဆင်နေသောအသင်းဖြစ်ပြီး လက်ရှိအချိန်တွင်နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကတာဝန်ယူကိုင်တွယ်နေသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရော်ဂျာရောက်ရှိလာမှသာ စာချုပ်ကိစ္စအသေးစိတ်ဆွေးနွေးညှိုနှိုင်းမည်ဖြစ်ပြီး ကာလရှည်စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required