ကလေးမြို့အနောက်တောင်ပိုင်းရှိ စစ်ဖြစ်ပွါးရာဒေသမှ ကျေးရွာများကို PDF က အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

ကလေးမြို့အနောက်တောင်ပိုင်းရှိ စစ်ဖြစ်ပွါးရာဒေသမှ ကျေးရွာများကို PDF က အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အစပ်ရှိ စစ်ကောင်စီတပ်နှင့် ပြောက်ကျားတပ်တို့တိုက်ပွဲဖြစ်ပွါးရာ ဒေသရှိကျေးရွာများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၅) ဆေးတပ်ဖွဲ့က ပြောသည်။

“ စစ်ဘေးရှောင်ဒေသတွေဖြစ်တဲ့အတွက် ရွာတွေမှာ အရင်ကလို မြို့တက်ပြီး ဆေးခန်းမပြရဲကြဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ တက်နိုင်သလောက် ရှိသလောက်ဆေးဝါးနဲ့ ရွာတွေအထိ ကွင်းဆင်းပြီး ဆေးဝါးကုသမှု ပေးတာဗျ” PDFတပ်ရင်း (၅) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ယနေ့ဆေးဝါးကုသမှုတွင် လူနာ ၃၀ ကျော်ကို ဆေးဝါးနှင့်ကုသမှုပေးခဲ့သည်ဟုဆိုသည်။

၄င်းဒေသတဝိုက်တွင် ကျေးရွာ၁၀ကျော် လူဦးရေ၁၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly