ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှာရစ်ဖ်၏ မြေ၊ အိမ်ရာအဆောက်အအုံများ လေလံတင်ခြင်းကို တားမြစ်

ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှာရစ်ဖ်၏ မြေ၊ အိမ်ရာအဆောက်အအုံများ လေလံတင်ခြင်းကို တားမြစ်

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှစ်ရစ်ဖ်၏ မြေ၊ အိမ်ရာ အဆောက်အအုံများ လေလံတင်မှုကိစ္စ အကောင်အထည်ဖော်မှုကို မလုပ်သေးဘဲ ရပ်ဆိုင်းထားရန် ပန်ဂျပ်ဘ်ပြည်နယ် အစိုးရဌာနတစ်ခုက သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

Avenfield ရည်ညွှန်းစာဆိုင်ရာ ဆုံးဖြတ်ချက် အကောင်အထည်ဖော်မှုတွင် ရှာရစ်ဖ်၏ မြေ၊ အဆောက်အအုံများ လေလံတင်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စနှင့်ပတ်သက်ပြီး ပန်ဂျပ်ဘ် အခွန်ဘဏ္ဍာဘုတ်အဖွဲ့ (BoR) က ယင်းကိစ္စကို ရပ်ဆိုင်းထားရေး ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု The News International က ဖော်ပြသည်။

ရည်ညွှန်းစာထဲတွင် နာဝက်ဇ် ရှာရစ်ဖ်နှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် ပေါင်ရှစ်သန်း ပေးဆောင်ရမည့် တာဝန်ရှိသည်ဟု တရားရုံးတစ်ခုက ချမှတ်ထားခဲ့ပြီး ယင်းနောက်တွင် ထိုငွေပမာဏကို ပြန်ရနိုင်ရန်အတွက် ရှာရစ်ဖ်၏ မြေ၊ အိမ်ရာ အဆောက်အအုံများကို လေလံတင်ရန် ဖက်ဒရယ် အခွန်ဘဏ္ဍာဘုတ်အဖွဲ့ (FBR) ကို ညွှန်ကြားခဲ့သည်ဟု သတင်းဌာနက ဖော်ပြသည်။

သို့သော် ယခုအခါ နောက်ထပ် ညွှန်ကြားချက် တစုံတရာ မရမချင်း လေလံတင်မှုကို မလုပ်ဆောင်ရန် လက်ထောက် ကော်မရှင်နာ ရိုင်ဝင်းဒ် အက်ဒ်နန် ရာရှစ်ဒ် နှင့် လက်ထောက်ကော်မရှင်နာရုံးတို့ကို အခွန်တရားသူကြီးက နိုဝင်ဘာ ၁၆ ရက်တွင် ညွှန်ကြားခဲ့သည်။

"လာဟိုးခရိုင် မိုဇာ မီအန် မီရာတွင် တည်ရှိသည့် 135-Upper Mall Lahore ဟု သိကြသည့် အဆောက်အအုံတစ်လုံး လေလံတင်မှုကို လက်ထောက် ကော်မရှင်နာရုံးတွင် နိုဝင်ဘာ ၁၉ ရက် မနက် ၁၀ နာရီတွင် ပြုလုပ်ရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်" ဟု The News International က ရရှိထားသည့် စာရွက်စာတမ်းများကို ကိုးကားပြီး ဖော်ပြသည်။

မေလ အစောပိုင်းက PML-N ပါတီတည်ထောင်သူ ပိုင်သည့် မြေကွက်တစ်ခုကို ရှိတ်ခူပူရာမြို့ မြူနစ်စီပယ်ခန်းမတွင် လေလံတင်ခဲ့သည်။ အစ္စလမ်မာဘတ် တရားရုံးချုပ် ( IHC) ၏ အမိန့်ညွှန်ကြားချက်တစ်ခုထွက်ရှိပြီးနောက် ယင်းလေလံတင်မှုကို လုပ်ခဲ့ခြင်းဖြစ်ပြီး IHC သည် လေလံတင်မှုနှင့်ပတ်သက်ပြီး နာဝက်ဇ် နှင့် အခြားလူများ၏ လျှောက်လဲအသနားခံမှုူများကို ပယ်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required