ဘောလုံးလောကမှ ကမောက်ကမ ဓာတ်ပုံများ

ဘောလုံးလောကမှ ကမောက်ကမ ဓာတ်ပုံများ
ဓာတ်ပုံဆိုတာ အတိတ်ရဲ့ အရိပ်တွေကို ပြန်လည်လွမ်းဆွတ်လို့ရနိုင်တဲ့ အရာ တစ်ခုပါ။ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သလို ခိုင်မာတဲ့သက်သေတစ်ခုလည်း တစ်ခုပါ။ ဓာတ်ပုံတိုင်းမှာ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ ရယ်ချင်စရာ၊ ပြုံးချင် စရာ၊ နှစ်သက်ကြည်နူးစရာ၊ စိတ်ပျက်စရာ၊ အံ့အားသင့်စရာ စသဖြင့် ခံစားချက်မျိုးစုံ စရာ၊ နှစ်သက်ကြည်နူးစရာ၊ စိတ်ပျက်စရာ၊ အံ့အားသင့်စရာ စသဖြင့် ခံစားချက်မျိုးစုံ ပါဝင်နိုင်ပါတယ်။ ဘောလုံးလောကမှာလည်း သမိုင်းမှတ်တမ်းဓာတ်ပုံတွေ များစွာ ရှိပါတယ်။ အဲ့ဒီကမှ ဘောလုံးကမ္ဘာမှာ ကမောက်ကမ အနိုင်ဆုံး ဓာတ်ပုံ ဆယ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လီဗာပူးလ် တိုက်စစ်မှူး စတာလင်းနဲ့ ချယ်လ်ဆီးနောက်ခံလူ တယ်ရီတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဘောလုံးလောကက အနားယူသွားခဲ့ရင် WWE ချခိုင်းရမယ် ထင်ပါတယ်။
၂။ ကျရှုံးမှုအတွက် စိတ်ပျက်နေတဲ့ မန်ယူ တိုက်စစ်မှူးနှစ်ဦးရဲ့ ပုံစံက ကြည့်မိသူကို စိတ်ထဲ တစ်မျိုးတစ်မည်တော့ တွေးထင်သွားစေမှာပါ။

မစ္စတာ ရွန်နီနဲ့ မစ္စတာရော်နယ်ဒိုတို့ ခင်ဗျားတို့ နှစ်ဦးစလုံး တကယ့် ဘောလုံး သမားကောင်းတွေဆိုတာ ပရိသတ်အားလုံး သိပါတယ်။

၃။အဲ့ဒီအချိန်တုန်းက ပီအက်စ်ဗွီအသင်းကို အက်ဗိုကက် ကိုင်တွယ်နေပြီး ဗန်ဟားလ်က အေဂျက်ဇ်အသင်းကို နည်းပြနေတာ ဖြစ်ပါတယ်။ အသင်းတွေရဲ့ ဂျာစီဒီဇိုင်းတွေကို ကိုယ်ပေါ်မှာ ပုံဖော်ထားတဲ့ မိန်းမလှ နှစ်ဦးနဲ့ ဆွဲဆောင်မှုမရှိတဲ့ နည်းပြနှစ်ဦးရဲ့ ဓာတ်ပုံက ဘယ်လိုမှကို မလိုက်ဖက်ပါဘူး။

၄။ မန်ချက်စတာဒါဘီမှာ တီဗက်ဇ်နဲ့ ဖာဒီနန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေပုံပါ။ ဒါပေမဲ့ ဒီပုံကို ကြည့်မိရင် တီဗက်ဇ် တစ်ခုခုကို ရှာဖွေနေပုံရပြီး ဖာဒီနန် ဘာကြောင့် အော်နေတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

၅။ ဒီဓာတ်ပုံရဲ့ တိုက်ဆိုင်မှုကတော့ တော်တော်ကို အံ့ဩဖို့ ကောင်းပါတယ်။ ဒိုင်လူကြီးရဲ့ အချက်ပြပုံနဲ့ ဘောလုံးသမား နာမည်နဲ့က တကယ်ကို တိုက်ဆိုင်လွန်းပါတယ်။

၆။ တယ်ရီနဲ့ ဝိန်းဘရစ်ချ်တို့ဟာ ချယ်လ်ဆီးနဲ့ အင်္ဂလန် ခံစစ်မှာ အတွဲညီခဲ့ကြတဲ့ အသင်းဖော် သူငယ်ချင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့  တယ်ရီက ဝိန်းဘရစ်ချ်ရဲ့ ချစ်သူနဲ့ ဝိန်းဘရစ်ချ်ရဲ့နောက်ကွယ်မှာ ဖောက်ပြားခဲ့ပြီးနောက်မှာ သူတို့ နှစ်ဦးဆက်ဆံရေး လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပြဿနာကို သိထားရင် ဒီပုံက ပြုံးချင်စရာပါ။

၇။ ဇီဒန်းဟာ ဘောလုံးလောကမှာ ဆရာ တစ်ဆူလို့ ပြောရလောက်အောင် ကျော်ကြားခဲ့သူပါ။ ဒါပေမဲ့ ဒီဓာတ်ပုံထဲမှာတော့ ဂျူဗင်တပ်စ်အသင်းဖော် ဒယ်ပီယာရိုနဲ့သူ့ချစ်သူတို့ ချစ်ကြည်နူးနေချိန်မှာ ဇီဒန်းရဲ့ပုံက အစားအသောက်ကိုသာ စိတ်ဝင်စားတဲ့
ပြင်သစ်လူငယ်လေးတစ်ဦးလို ဖြစ်နေပါတယ်။

၈။ ဟောလီးဝုဒ်မင်းသားကြီး ဂျွန်ထရာဗိုတာနဲ့ ရိုးမားရဲ့ သက်တော်ရှည် ကစားသမားကြီး တော့တီတို့ နေရာမှားနေသလိုပါပဲ။ ဒါပေမဲ့ ဒါက ကြော်ငြာသာ ဖြစ်ပါတယ်။

၉။ ဒီပုံက သိပ်ပြီး မထူးခြားဘူးလို့ ထင်ကြမှာပါ။ ဒါပေမဲ့ ဂျာမန်ဂိုးသမား နျူအာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့ရဲ့ အရပ်ကွာဟမှုက အဘယ်သို့သော ဓာတ်ပုံသမားကိုမှ ပုံကောင်းကောင်း မရစေခဲ့ပါဘူး။

၁၀။ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီတို့ရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား မာရီယိုဂေါ့ဇီနဲ့ သူ့ရဲ့ချစ်သူ ကက်သရင်းဘရွန်မဲလ်တို့ ဖြစ်ပါတယ်။ ဒီပုံကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ကြိုက်သလို တွေးထင်လိုက်ကြပါတော့။

HyperSports No.14 Pg-27 မှ ဘောလုံးလောကမှ ကမောက်ကမ ဓာတ်ပုံများ အား ပြန်လည် ဖော်ပြခြင်းဖြစ်သည်။

.page-node-9229 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required