မန်ယူရိသတ်များကြား မော်ရင်ဟိုလည်စည်းပုဝါများကို ရောင်းချသုံးစွဲနေကြ

မန်ယူရိသတ်များကြား မော်ရင်ဟိုလည်စည်းပုဝါများကို ရောင်းချသုံးစွဲနေကြ

ဒီဇင်ဘာ ၃၀၊ မန်ချက်စတာ။            ။ လက်ရှိနည်းပြဗန်ဟားလ်အပေါ်ထောက်ခံမှုနည်းပါးလာသည့် မန်ယူအသင်းပရိသတ်များအကြားတွင် မော်ရင်ဟိုပုံပါသည့် လည်စည်းပုဝါများ ကို ရောင်းချ ဝတ်ဆင်မှုများရှိလာကြသည်။

ဗန်ဟားလ်၏ရာထူးနေရာမသေချာတော့သည့်အနေအထားတွင် ပရိသတ်များသည် မန်ယူနှင့်သတင်းထွက်နေသည့် နည်းပြမော်ရင်ဟိုကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် ချယ်လ်ဆီးနှင့် ဂိုးမရှိသရေကျသည့် ပွဲမတိုင်မီ ဘောလုံးကွင်းဝန်းကျင်တွင် တရားဝင်မဟုတ်သည့် လည်စည်းပုဝါများကို ရောင်းချနေကြခြင်းဖြစ်သည်။

ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟို မန်ယူအသင်းကို ဗန်ဟားလ်စွန့်ခွာသွားပါက နည်းပြသစ်ဖြစ်လာရန် လွန်စွာရေးပန်းစားနေသည်။

မော်ရင်ဟိုကိုထောက်ခံသည့် အပြုအမူများမှာ မော်ရင်ဟို၏အသင်းဟောင်း ချယ်လ်ဆီးအသင်းနှင့် အိုးထရက်ဖို့ဒ်တွင် ဂိုးမရှိသရေကျသည့် ပွဲ၌ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယင်းသရေပွဲမှာ မန်ယူအသင်းကို ရှစ်ပွဲမြောက်အဖြစ်နိုင်ပွဲပျောက်စေခဲ့ပြီး အသက် ၆၄ နှစ်ရှိ ဗန်ဟားလ်က လက်ရှိဆိုးရွားနေသော ပုံစံကို မပြင်နိုင်ခဲ့ပါက ရာထူးမှနုတ်ထွက်ဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required