အစ္စ‌ရေးအကျဥ်းထောင်ကနေ ပါလက်စတိုင်း ၆ ဦး လိုဏ်ခေါင်းတူးပြီး ထွက်ပြေးလွတ်မြောက်

အစ္စ‌ရေးအကျဥ်းထောင်ကနေ ပါလက်စတိုင်း ၆ ဦး လိုဏ်ခေါင်းတူးပြီး ထွက်ပြေးလွတ်မြောက်

အစ္စရေးနိုင်ငံရဲ့ အကျဥ်းထောင်တစ်ခုကနေ ပါလက်စတိုင်း ခြောက်ဦး လိုဏ်ခေါင်းတူးပြီး စက်တင်ဘာ ၆ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ လူသိများတဲ့ စစ်‌သွေးကြွတစ်ဦး အပါအဝင် အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူ ခြောက်ဦးဟာ အကျဥ်းထောင်တွင်း လက်ဆေးကန်တစ်ခုရဲ့ အောက်ခြေမှာ လိုဏ်ခေါင်းတစ်ခု တူးပြီးတော့ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ၎င်းတို့ကို အစ္စရေးတာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပါတယ်။

နိုင်ငံ မြောက်ပိုင်း ဂီလ်ဘိုအာ အကျဥ်းထောင်အပြင်ဘက်မှာ “မသင်္ကာဖွယ် လူတွေ” ကို ဒေသခံတွေက တွေ့ရှိခဲ့ပြီးနောက် မနက် ၃ နာရီလောက်မှာ သတိပေးချက် ထုတ်ခဲ့ရတာဖြစ်ကြောင်း အစ္စရေး အကျဥ်းထောင် ဦးစီးဌာန (IPS) က ပြောပါတယ်။
အကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းရှိ ဂျီနင်မြို့က လူသိများတဲ့ စစ်သွေးကြွ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဇာကာရီရာ ဇူဘေဒီလည်း ပါဝင်တယ်လို့ IPS က ပြောပါတယ်။

ရှာဖွေမှုမှာတော့ ရဲ၊ စစ်တပ်နဲ့ အစ္စရေး ပြည်တွင်းလုံခြုံရေး အေဂျင်စီရဲ့ အေးဂျင့်တွေ ပူးပေါင်းပြီး ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂီလ်ဘိုအာ အနီးဝန်းကျင် ဧရိယာမှာ အနံ့ခံ ခွေးတွေ ဖြန့်ကျက်ထားပြီး စစ်ဆေးရေးဂိတ်တွေ ထားရှိထားတယ်လို့ သိရပါတယ်။

ရှာဖွေရေးရဲ့ တစိတ်တဒေသအနေနဲ့ အစ္စရေးစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို အနောက်ဘက်ကမ်းမှာ တပ်ဖြန့် ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

IPS က ထုတ်ပြန်ဖော်ပြခဲ့တဲ့ ဗီဒီယိုထဲမှာ အစ္စရေးတာဝန်ရှိသူတွေက အကျဥ်းထောင်တွင်း လက်ဆေးကန်တစ်ခုအောက် မြေအောက်ထဲ တူးထားတဲ့ ကျဥ်းမြောင်းတဲ့ လိုဏ်ခေါင်းတစ်ခုကို စစ်ဆေးနေတာကို မြင်တွေ့ခဲ့ရပြီး ယင်းရုပ်သံဗီဒီယိုကတော့ အထင်ကရ ၁၉၉၄ အကျဥ်းထောင်ဖောက်ဇာတ်ကား “The Shawshank Redemption” ကိုတောင် ပြန်ပြောင်းအမှတ်ရစေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required