အာဖဂန်နစ္စတန်ရှိ ဒုက္ခသည်များကို ကာကွယ်ပေးရန် ကုလသမဂ္ဂကို ဘလူချ်အမျိုးသားလှုပ်ရှားမှုအဖွဲ့ တိုက်တွန်း

By Just Earth News
19 July 2021
အာဖဂန်နစ္စတန်ရှိ ဒုက္ခသည်များကို ကာကွယ်ပေးရန် ကုလသမဂ္ဂကို ဘလူချ်အမျိုးသားလှုပ်ရှားမှုအဖွဲ့ တိုက်တွန်း

စစ်ဘေးဒဏ်ခံနေသော အာဖဂန်နစ္စတန်တွင် တာလီဘန်များနှင့် တိုက်ခိုက်မှုများ များပြာလာသည်နှင့်အမျှ လုံခြုံရေးအခြေအနေများ ဆိုးရွားလာစဉ် အာဖဂန်နစ္စတန်ရှိ ဘလူချ်ဒုက္ခသည်များ၏ ဘဝနှင့် အနာဂတ်ကို လုံခြုံစွာကာကွယ်ပေးရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂကို ဘလူချ်အမျိုးသားလှုပ်ရှားမှု (BNM) အဖွဲ့ဝင်များက တိုက်တွန်းလိုက်သည်။

ပါကစ္စတန်တွင် ရက်စက်စွာ နှိပ်စက်ညှင်းပန်းမှုကြောင့် အာဖဂန်နစ္စတန်သို့ ပြောင်းရွှေ့ခဲ့ရသူများအား အကာအကွယ်ပေးရန် လက်တွေ့ကျကျ အကောင်အထည်ဖော်ခြင်းများ မရှိသဖြင့် စိတ်ပျက်မိကြောင်းလည်း BNM အဖွဲ့ ဥက္ကဌက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်အရ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားအဖွဲ့များ သို့မဟုတ် အိမ်ရှင်နိုင်ငံများသည် နှိပ်စက်ညှင်းပန်းမှုမှ လွတ်မြောက်ရန် ကြိုးစားသူများအား အကာအကွယ်ပေးရမည်ဟု အိန္ဒိယသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

နိုင်ငံခြားတပ်ဖွဲ့များ တိုင်းပြည်မှ ထွက်ခွာချိန်မှစ၍ အာဖဂန်နစ္စတန်တွင် မငြိမ်မသက်မှုများဖြစ်ပွားလျှက်ရှိသည်။

တာလီဘန်အဖွဲ့များသည် တိုင်းပြည်အတွင်းရှိ ဒေသများစွာကို သိမ်းပိုက်လျှက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required