ပဲခူးတိုင်းအတွင်း နေ့ခင်း၁၂နာရီကျော်လျင် အပြင်မထွက်ရအမိန့်ကြေညာ

ပဲခူးတိုင်းအတွင်း နေ့ခင်း၁၂နာရီကျော်လျင် အပြင်မထွက်ရအမိန့်ကြေညာ

ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီးမှ ပဲခူး၊ တောင်ငူ၊ ပြည်၊ပေါက်ခေါင်း၊ဥသျှစ်ပင်နှင့်ပေါင်းတည်မြို့များတွင် စစ်ကောင်စီတပ်များမှ ယနေ့ဇူလိုင်လ၁၈ရက်နေ့တွင် ပြည်သူများ နေ့ခင်း၁၂နာရီကျော်လျှင် အပြင်ထွက်ခွင့်မရှိကြောင်း လိုက်လံကြေညာခဲ့သည်။

 အဆိုပါကြေညာချက်တွင် ပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်၍သာအပြင်ထွက်ခွင့်ရှိပြီး ဈေးဆိုင်များလည်း ပိတ်ထားရမည်ဟု ပါရှိသည်။ 

"ပဲခူးမှာဆို ဈေးတိုင်းကို နံနက် ၆ နာရီက ၉နာရီအထိပဲ ဖွင့်ရမယ်တဲ့။ အဲတော့ လူတွေက ပိုပြီးဝယ်ကျတော့ လူစုလူဝေးလည်းပိုဖြစ်တယ်။ နေ့ခင် း၁၂ နာရီကျော်ရင် အပြင်မထွက်ရတော့ဘူး နောက်ပြီးအပြင်ဆိုင်တွေလဲ အကုန်ပိတ်ခိုင်းတယ်"ဟု ဥသာမြို့သစ်ရပ်ကွက်မှ မခိုင်ခိုင်စိုးမှပြောသည်။ 

ကိုဗစ်ရောဂါတားဆီးကာကွယ်ရန်အတွက် ကန့်သတ်ချက်သည် မည်မျှကြာမြင့်မည်ကိုထဲ့သွင်းပြောဆိုသွားခြင်းမရှိဟု သိရသည်။ 

 " ပြည်မှာလည်း  ၁၂ ကျော်လို့ထွက်ရင် ဒဏ်ငွေဆောင်ရမယ်တဲ့ ဆိုင်တွေလဲ အကုန်ပိတ်ခိုင်းထားတယ်ဗျ"ဟု နဝင်းရပ်ကွက်သားတစ်ဦးကပြောသည်။ 

 မဇ္ဈိမက စုံစမ်းသိရှိရသော မြို့နယ်များတွင် ကြေညာချက်ဖြစ်ပြီး အခြားမြို့နယ်များလည်း အလားတူကြေညာနိုင်ပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly