ရေနံနဲ့ ရေထွက်ပစ္စည်းတွေဆိုင်ရာ အခွန်အခတွေကို လွတ်ငြိမ်းခွင့်ပြုကြောင်း NUG ကြေညာ

ရေနံနဲ့ ရေထွက်ပစ္စည်းတွေဆိုင်ရာ အခွန်အခတွေကို လွတ်ငြိမ်းခွင့်ပြုကြောင်း NUG ကြေညာ

ဇူလိုင် ၁၀

ရေနံနဲ့ ရေထွက်ပစ္စည်းတွေဆိုင်ရာ အခွန်အခတွေကို နောက်ထပ်ညွှန်ကြားချက် တစုံတရာ မထုတ်ပြန်တဲ့အချိန်ထိ လွတ်ငြိမ်းခွင့်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ရေနံနဲ့ ရေထွက်ပစ္စည်းတွေဆိုင်ရာ အခွန်အခတွေဖြစ်တဲ့ နှစ်စဉ်ကြေး၊ သက်တမ်းတိုးကြေး၊ ရက်လွန်ဒဏ်ကြေး၊ ပိုင်ရှင်လွှဲပြောင်းကြေး၊ အမည်ပြောင်းလဲကြေား၊ သိုလှောင်နိုင်တဲ့ပမာဏပြောင်းလဲကြေးနဲ့ ပျက်စီးပျောက်ဆုံး မိတ္တူမှန်ကြေး စတာတွေကို လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကပ်ဘေးနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် လူထုအပေါ် ဝန်ထုပ်ဝန်ပိုးလျော့ကျစေရေးနဲ့ သယံဇာတက ရရှိတဲ့ ရန်ပုံငွေတွေ စစ်ကောင်စီလက်ထဲ မရောက်ရှိစေဖို့အတွက် အခုလိုလွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly