မီတာ မဆောင်ရင် အလှည့်ကျမီးပေးရလိမ့်မယ်လို့ YESC က ထုတ်ပြန်

မီတာ မဆောင်ရင် အလှည့်ကျမီးပေးရလိမ့်မယ်လို့ YESC က ထုတ်ပြန်

ဇူလိုင် ၉

နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတင်မကဘဲ ပုဂ္ဂလိကပိုင်စက်ရုံတွေကပါ ဓာတ်အားတွေကို ဝယ်ယူဖြန့်ဖြူးပေးနေရလို့ မီတာခမဆောင်ရင် အလှည့်ကျမီးပေးရလိမ့်မယ်လို့ YESC ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ပြည်သူတွေဓာတ်အားခမပေးကြဖို့နဲ့ မီတာခကောက်ခံတာတွေရပ်တန့်ဖို့ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ကသတိပေးထုတ်ပြန်အပြီး YESC က တုံ့ပြန်လာတာပါ။ 

မီတာမဆောင်ရင် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရတဲ့ သဘာဝဓာတ်ငွေ တို့အတွက် ဝင်ငွေမရဘဲ အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ဆိုပါတာပါ။ 

ဒီထုတ်ပြန်ချက်နဲ့ပက်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်က “ ဒီငွေတွေက စစ်တပ်ဆီပဲသွားမှာလေ။ အဲ့တာမို့မဆောင်တာ၊ နောက်ပြီး မီတာဆောင်ချင်ရင်တောင် ဆောင်စရာငွေသားကရှိမနေဘူး။ အကုန်လုံးကျပ်တည်းနေကြတာလေ ” လို့ ပြောပါတယ်။ 

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ကမထုတ်ပြန်စာ မထုတ်ခင်ကတည်းက သေနတ်ကိုင်လုံခြုံရေးတွေနဲ့ ဓာတ်အားခ လိုက်ကောက်နေခဲ့ပြီး မီတာမဆောင်တဲ့ အိမ်တချို့ကိုပါ မီးဖြတ်တောက်ခဲ့တာပါ။ 

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကတော့ ပြည်သူတွေမီတာဆောင်ဖို့ကို အာဏာသိမ်းအပြီး ၅ လအတွင်း ပထမဆုံးအကြိမ် တရားဝင်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly