Bitcoin အသုံးပြုမှု အများအပြားရှိသော်လည်း တရုတ်က ဒစ်ဂျစ်တယ်ငွေကြေးများကို နှိပ်ကွပ်မည်

Bitcoin အသုံးပြုမှု အများအပြားရှိသော်လည်း တရုတ်က ဒစ်ဂျစ်တယ်ငွေကြေးများကို နှိပ်ကွပ်မည်

တရုတ်သည်တွင် Bitcoin ကို အများဆုံး အသုံးပြုနေသော်လည်း အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဖောက်သည်များကို ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ပေးနေခြင်းကို တားမြစ်လျှက်ရှိသည်။

ဒစ်ဂျစ်တယ်ငွေကြေးအား ငွေပေးချေမှုအတွက် လက်ခံခြင်းအပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သုံးစွဲသူများအား ဝန်ဆောင်မှုပေးသည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီများအား တားမြစ်ပိတ်ပင်ကြောင်းကို ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ သုံးခုက မေလ ၁၈ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော အတွင်းမွန်ဂိုလီးယားတွင် ကာဗွန်ထုတ်လွှင့်မှုကို လျော့ချရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ်ငွေကြေဆိုင်ရာ သတ္ထုတူးဖော်ခြင်းအတွက် လျှပ်စစ်မီးအား အလွန်အကျွံသုံးစွဲရခြင်းကို လျော့ချရန် မကြာသေးခင်က စည်းမျဉ်းများထုတ်ပြန်ပြီးနောက် နေ့ချင်းတွင်းပင် တရားမဝင်စီမံကိန်းများအတွက် တိုင်ကြားနိုင်သည့် အွန်လိုင်းပလက်ဖောင်းတစ်ခုကို တည်ထောင်ခဲ့သည်။

ပြည်တွင်းဘဏ္ဍာရေးစနစ်အတွက် အန္တရယ်များနိုင်ကို စိုးရိမ်ပူပန်သဖြင့် တရုတ်က ဒစ်ဂျစ်တယ်ငွေကြေးများကို ကာလကြာရှည်စွာကတည်းက အဆိုးမြင်ခဲ့သည်။ ၂၀၁၄ခုနှစ်ကတည်းက Bitcoin နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေးနှင့် ငွေပေးချေသည့်ကုမ္ပဏီများကို ဘဏ္ဍာရေးစည်းကမ်းထိန်းသိမ်းသူများက တားမြစ်ခဲ့သည်။

ကင်းဘရစ်တက္ကသိုလ်ရှိ သမရိုးကျမဟုတ်သော ငွေကြေးဆိုင်ရာဌာန၏ အဆိုအရ တရုတ်သည် ဘစ်ကွိုင်တူးဖော်သည့်အလုပ်ကို ကမ္ဘာတွင် အများဆုံးပြုလုပ်သည့် နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ယင်းအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အာဂျင်တီးနား၏ နှစ်စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှုထက်များကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ဧပြီလက အခြားလေ့လာချက်တစ်ခုအရ ၂၀၂၄ ခုနှစ်တွင် Bitcoinတူးဖော်ရေးအတွက် တရုတ်၏ စွမ်းအင်သုံးစွဲမှုသည် အီတလီကဲ့သို့သောနိုင်ငံများရှိ စွမ်းအင်သုံးစွဲမှုထက်ကျော်လွန်သွားနိုင်ပြီး တရုတ်၏ ကာဗွန်ထုတ်လွှတ်မှုသည် စပိန်နှင့် နယ်သာလန်တို့ထက် နှစ်စဉ်ထုတ်လွှတ်မှုထက်များနိုင်သည်။

စက်တင်ဘာ ၂၀၁၉ မှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ တရုတ် သုံးစွဲမှုအား တွက်ချက်မှုအရ Bitcoinတူးဖော်ရေးအတွက် အသုံးပြုမှုတွင် Bitcoin hash ဟုခေါ်သည် ဝှက်စာတစ်မျိုးဖြစ်အောင် ပြောင်းလဲမှုအတွက် သုံးစွဲမှုသည် စုစုပေါင်းကမ္ဘာလုံးဆိုင်ရာ Bitcoin hash ၏ ၆၅ ရာခိုင်နှုန်းခန့် ခန့်မှန်းခြေရှိကြောင်း CAF မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ဒစ်ဂျစ်တယ်ငွေကြေးတူးဖော်မှုအတွက် စွမ်းအင်အများအပြားသုံးစွဲရမှုကြောင့် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်မှုများ တိုးပွားလာပါသည်။ Bitcoinကို လူသိရှင်ကြားထောက်ခံထားပြီး ကားဝယ်ယူမှုအတွက် ငွေပေးချေမှုအဖြစ်လက်ခံမည်ဟု ပြောကြားထားသည့် လျှပ်စစ်ကားထုတ်လုပ်သည့် Tesla Incကုမ္ပဏီကို တည်ထောင်သူ အီလွန်မက်ခ်က ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ ပြောထားချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း Nikkei Asia မှ သတင်းဖော်ပြခဲ့သည်။

Bitcoin တူးဖော်ရေးနှင့် အရောင်းအဝယ်များအတွက် ရုပ်ကြွင်းလောင်စာများအသုံးပြုရမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ဝယ်ယူမှုကို ဆိုင်းငံ့ထားကြောင်း အီလွန်မက်ခ်က တွစ်တာတွင် ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်ဘဏ္ဍာရေးစည်းကမ်းထိန်းသိမ်းသူများက ဒစ်ဂျစ်တယ်ငွေကြေးများကို နှိပ်ကွပ်သည့် သတင်းကြောင့် ဒစ်ဂျစ်တယ်ငွေကြေးဈေးနှုန်းများသည့် ဧပြီလလယ်တွင် ကန်ဒေါ်လာ ၆၃၀ဝဝ မှ မေလ ၁၉ရက်တွင် ကန်ဒေါ်လာ ၃၉၀ဝဝ အထိ ကျဆင်းသွားခဲ့သည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required