ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ကွတ်ခိုင်မှာ ၄ နာရီကြာ တိုက်ပွဲပြင်းထန်

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ကွတ်ခိုင်မှာ ၄ နာရီကြာ တိုက်ပွဲပြင်းထန်

မေ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်​ဟူးရွာနဲ့နောင်ချိုရွာကြားမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA၊ TNLA၊ MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား ၄ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်ကနေ ညနေ ၆ နာရီခွဲအထိ TNLA၊ AA၊ MNDAA ပူးတွဲစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

နမ့်ဟူးရွာနဲ့ ​ေနာင်ချိုရွာကြားမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ် တပ်မ ၃၃၊ ခမရ ၁၂ တို့အကြား ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ကျဆုံးသူမရှိ​ကြောင်း၊ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ရှိမရှိဆိုတာကို မသိရသေးကြောင်း TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆို​ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ မေလ ၄ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required