ဂျမ်မူးနှင့်ကက်ရှ်မီးယားဒေသ ဖွံဖြိုးရေးအစီအစဉ်များတွင် လူငယ်များ ပူးပေါင်းပါဝင်လာ

By Saudigazette
06 April 2021
ဂျမ်မူးနှင့်ကက်ရှ်မီးယားဒေသ ဖွံဖြိုးရေးအစီအစဉ်များတွင် လူငယ်များ ပူးပေါင်းပါဝင်လာ

ဧပြီ ၆

အိန္ဒိယဖက်ဒရယ်အစိုးရသည် ဥပဒေပုဒ်မ ၃၇၀ ကိုဖျက်သိမ်းပြီးနောက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွန်းအား၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျမ်မူးနှင့် ကက်ရှ်မီးယားအတွက် ခေါင်းဆောင်မှုနှင့် အစီအစဉ်များ များစွာထုတ်ဖော်ခဲ့သည်။

ဒေသတွင်းလူငယ်များသည် ယင်းဖွံ့ဖြိုးရေးအစီအစဉ်များကို အပြုသဘောတုံ့ပြန်ခဲ့ကြပြီး အိန္ဒိယနိုင်ငံသစ်၏ တိုးတက်မှုနှင့်ကြွယ်ဝမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်လိုသော ဆန္ဒရှိကြောင်းပြသခဲ့ကြသည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်နောက်ပိုင်းတွင် လက်နက်စွန့်ခဲ့သည့် ဒေသခံစစ်သွေးကြွများကို ပြန်လည်ထူထောင်ပေးခဲ့ပြီး အမျိုးသားပင်မရေစီးကြောင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။

“ဂျမ်မူးနှင့် ကက်ရှ်မီးယား၏ အထူးအဆင့်အတန်းကိုပြန်လည်ရုပ်သိမ်းလျှင်ပါက မည်သူတစ် ဦး တစ်ယောက်ကိုမှ သုံးရောင်းချယ်အလံကို ကိုင်ဆောင်ထားလိမ့်မည်မဟုတ်”  ဟု ကက်ရှ်မီးယားဒေသခံခေါင်းဆောင်များ၏ အခိုင်အမာပြောကြားချက်ကို မှားယွင်းကြောင်းကို သက်သေပြန်ရန်အတွက် ဂူမာ့ဂျ် သို့ သွားရောက်လည်ပတ်ပြီး ကက်ရှ်မီးယားလူငယ်များက သုံးရောင်ချယ်အလံဖြင့် သူတို့ကို လွှမ်းခြုံပြီး နှလုံးသားနှင့်နီးနီးတွင် ဆုပ်ကိုင်ထားပြီး မည်မျှသဘောကျကြောင်း သက်သေပြနိုင်ရမည်ဖြစ်သည်။

ယင်းအစီအစဉ်များကို ပြည်ထောင်စုအစိုးရနယ်မြေအတွင်း အားကစားကဏ္ဍမြှင့်တင်ရေးအတွက် အိန္ဒိယအစိုးရက လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ယင်းတွင် မကြာသေးမီက စီစဉ်ထားသော အစီအစဉ်များမှာ ယခုလကုန်ပိုင်းတွင် ပြီးဆုံးမည့် ကက်ရှမီးယားမြောက်ပိုင်း ဂူမာ့ဂျ် တွင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် Khelo India ဆောင်းရာသီအားကစားပွဲတော်ဖြစ်သည်။

မကြာသေးမီက ဝန်ကြီးချုပ်မိုဒီက သူ၏ အွန်လိုင်းမှ ပြုလုပ်သည့် အဖွင့်မိန့်ခွန်းတွင် ထိုကဲ့သို့သောပွဲတော်များကျင်းပခြင်းက အပြည်ပြည်ဆိုင်ရာ ဆောင်းရာသီအားကစားနယ်ပယ်တွင် အိန္ဒိယက ရှေ့သို့ခြေတစ်လှမ်းလှမ်းနိုင်ခြင်းဖြစ်ကြောင်းနှင့် ဂျမ်မူးနှင့် ကက်ရှ်မီးယားဒေသသည် ဆောင်းရာသီအားကစားပွဲတော်၏ အချက်အချာဖြစ်ကြောင်းကို ဖော်ပြနေသည်ဟု ထောက်ပြပြောဆိုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်က ဂူမာ့ဂျ်တွင်ပြုလုပ်သောအဆိုပါအားကစားပွဲများက ဂျမ်မူးနှင့် ကက်ရှ်မီးယားတို့သည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအဆင့်အသစ်များသို့ ရောက်ရှိရန် စိတ်အားထက်သန်ကြောင်းဖော်ပြနေပြီး၊  အဆိုပါအားကစားပွဲများသည် “အိန္ဒိယတစ်နိုင်ငံတည်း၊ အကောင်းဆုံးအိန္ဒိယ” ဆိုသည့်ရည်မှန်းချက်အတွက် သံန္နိဋ္ဌာန်ကို ပိုမိုခိုင်မာစေလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

UTတွင်အကောင်းဆုံးအားကစားအခြေခံအဆောက်အအုံများတည်ဆောက်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် ဂျမ်မူးနှင့် သီရိနာဂါရှိ Kheloအိန္ဒိယစင်တာနှစ်ခုနှင့် ခရိုင် ၂၀တွင် ရှိသော အခြား Khelo India စင်တာများဖွံ့ဖြိုးတိုးတက်ရေးကို ထင်ဟပ်စေပြီး ယင်းတို့တွင် လူငယ်အားကစားသမားကို လေ့ကျင့်ပေးမည်ဖြစ်သည်။

ဂျမ်မူးနှင့် ကက်ရှ်မီးယားကျောင်းသားများအတွက် ဗဟိုအစိုးရ၏ အထူးပညာသင်ဆုအစီအစဉ်သည် ဆင်းရဲသောမိသားစုနောက်ခံမှလူငယ်များအား နိုင်ငံတစ်ဝန်းရှိ အသက်မွေးဝမ်းကျောင်းကောလိပ်များတွင် တက်ရောက်ခွင့်ရရန် ကူညီခဲ့သည်။
ယင်းတို့ထဲမှ အတော်များများသည် ဘွဲ့ရပြီးနောက် နိုင်ငံတွင်းနှင့် ပြည်ပတွင် ရှိသည့် ကော်ပိုရေးရှင်းများတွင် အလုပ်အကိုင်များလုပ်ကိုင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required