အကြမ်းဖက်သမားများသည် J-K အတွင်း ကျုးကျော်ဝင်ရောက်ရန် “အပူတပြင်းကြိုးပမ်းမှုများ” ပြုနေကြောင်း အိန္ဒိယတပ်မတော်အကြီးအကဲပြောကြား

By Geneva Daily
02 December 2020
 အကြမ်းဖက်သမားများသည် J-K အတွင်း ကျုးကျော်ဝင်ရောက်ရန် “အပူတပြင်းကြိုးပမ်းမှုများ” ပြုနေကြောင်း အိန္ဒိယတပ်မတော်အကြီးအကဲပြောကြား

ဒီဇင်ဘာ ၂

အိန္ဒိယ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် နာရာဗန်နီ က အကြမ်းဖက်သမားများသည် “ပုံမှန်ဒီမိုကရေစီဖြစ်စဉ်များအား နှောင့်ယှက်ရန်” ပြည်ထောင်စုနယ်မြေ ဂျမ်မူနှင့် ကတ်ရှမီးယားဒေသသို့ ကျူးကျော်ဝင်ရောက်ရန် နည်းလမ်းသစ်များ ရှာဖွေနေကြကြောင်း ပြောကြားခဲ့သည်။

“အနောက်ဘယ် နယ်စပ်မှာ ဆက်လက်ဖြစ်နေတဲ့ အခြေအနေတွေအပြင် အကြမ်းဖက်မှုကလည်း ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတုန်းပဲ။ ကြိုးပမ်းမှုတွေ အားလုံးလုပ်ခဲ့တာတောင်မှ လျော့နည်းမသွားဘူး။ အကြမ်းဖက်သမားတွေက ပုံမှန်ဒီမိုကရေစီဖြစ်စဉ်တွေကို နှောင့်ယှက်ဖို့ ဂျမ်မူနဲ့ ကတ်ရှမီးယားကို ကျူးကျော်ဝင်ရောက်ဖို့ အပူတပြင်း ကြိုးပမ်းနေတယ်”ဟု ဗိုလ်ချုပ် နာရာဗန်နီ ကဆိုခဲ့သည်။
 
ဂျမ်မူနှင့် ကတ်ရှမီးယားတွင် ပုဒ်မ ၃၇၀ အား ပယ်ဖျက်အပြီး ပထမဆုံးအကြိမ် မဲပေးမှုများ ပြုလုပ်နေချိန်တွင် သူက မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

စနေနေ့က ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (DDC) ၏ ပထမဆုံးရွေကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၅၂ ရာခိုင်နှုန်းနီးပါးရှိခဲ့သည်။ ကူလ်ဂမ်တွင် ကျောက်တုံးများနှင့် ပစ်ပေါက်ခြင်းများရှိခဲ့သော်လည်း ရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့သည်။

 အကြမ်းဖက်သမားများသည် နှင်းများ ပိုမိုထူထပ်လာမှုကြောင့် အိန္ဒိယသို့ ဝင်ရောက်ရန် နည်းလမ်းအသစ်များ ရှာဖွေနေကြောင်း၊ မြောက်ပိုင်းဒေသများမှ ဝင်ရောက်ရန် အခက်တွေ့နေကြောင်းနှင့် အနောက်ဘက်နယ်စပ် တောင်ပိုင်းဒေသများမှ အိန္ဒိယသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြကြောင်း နာရာဗန်နီ က ဆိုခဲ့သည်။

“ဆောင်းရာသီအစ လမ်းကြောင်းတွေ မပိတ်ခင် နှင်းမထူထပ်ခင် ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားနေကြတယ်။ သူတို့က တောင်ဘက်ပိုင်းကို စရွှေ့နေကြပြီးတော့ နိုင်ငံတကာနယ်စပ်က ဥမင်လှိုဏ်တွေအပါအဝင် အနိမ့်ပိုင်းဒေသတွေကနေ ဝင်ရောက်ဖို့ ကြိုးစားနေတယ်”ဟု သူက ပြောခဲ့သည်။

 လွန်ခဲ့သော သုံးလအတွင်းတွင် လုံခြုံရေးတပ်ဖွဲ့များသည် ဂျမ်မူ၏ ဆမ်ဘာအပိုင်းတွင် ဥမင်လှိုဏ်နှစ်ခုအား တွေ့ရှိခဲ့သည်။ ပထမတစ်ခုအား ဩဂုတ်လ ၂၉ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဒုတိယတစ်ခုအား ဂျမ်မူ နဂရိုတာ မြို့အနီး ဘန်တိုးလ် ပလာဇာ ပစ်ခတ်မှုတွင် အကြမ်းသမား လေးဦး သေဆုံးပြီးနောက် လွန်ခဲ့သောအပတ်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required