အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများနှင့် မိသားစုဝင်များအတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ၀မ်းနည်းစကားဆို

အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများနှင့် မိသားစုဝင်များအတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ၀မ်းနည်းစကားဆို

ပဲရစ်၊ နိုဝင်ဘာ ၁၄ ။              ။ ပြီးခဲ့သည့် သောကြာနေ့ညက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်ရပ်၌ အသက်ဆုံးရှုံးသွားခဲ့ရသူများနှင့် ထိခိုက်ခံစားနေရသည့် မိသားစုဝင်များအတွက် အလွန်ဝမ်းနည်းမိကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ဝမ်းနည်းစကား ပြောကြားလိုက်သည်။

အစ္စလာမ်မစ်အစွန်းရောက်များဟု ယူဆရသည့် အကြမ်းဖက်သမားများသည် အသေခံဗုံးခွဲမှုများအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုများကို ပဲရစ်မြို့ နေရာအများအပြားတွင် ပြုလုပ်ခဲ့ကြရာ လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရသည်။ ထို့ကြောင့် ပြင်သစ်သမ္မတက ဖရန်ဆွာအော်လွန်းက နိုင်ငံတစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။

ပြင်သစ်နှင့် ဂျာမနီတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကျင်းပနေသည့် Stade de France အားကစားကွင်းကြီး အနီး၌လည်း ပေါက်ကွဲမှု သုံးခုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။

ထိုပွဲစဉ်ကို ပြင်သစ်သမ္မတကိုယ်တိုင် တက်ရောက်အားပေးနေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် သမ္မတကို လုံခြုံသည့်နေရာသို့ ခေါ်ဆောင်နိုင်ခဲ့သည်။

ပြင်သစ်နှင့်ဂျာမနီ ပရိသတ်များသည်လည်း ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြကာ အခြေအနေငြိမ်သက်သည်အထိ စောင့်ဆိုင်းပြီးမှ ကွင်းအတွင်းက ထွက်ခွာခဲ့ကြသည်။ ကွင်းအတွင်း၌ ကြေညာချက်များ ထုတ်ပြန်ပေးခဲ့ပြီး တာဝန်ရှိသူများက အတတ်နိုင်ဆုံး ငြိမ်သက်အောင် ကူညီပေးခဲ့သည်။ ကွင်းအတွင်းသို့ ပရိသတ်များဝင်ရောက်ခဲ့ကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

'သောကြာနေ့ညက ပဲရစ်မြို့မှာ ဖြစ်ပွားသွားခဲ့တဲ့ ဝမ်းနည်းစရာဖြစ်ရပ်အတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အားလုံးနဲ့ထပ်တူ ခံစားရပါတယ်။ သေဆုံးသွားခဲ့ရသူတွေအတွက် ပူပန်သောကရောက်နေကြရတဲ့ မိသားစုဝင်တွေအားလုံးအတွက်လည်း အဖွဲ့ချုပ်က တကယ်ကို နာကျင်ခံစားရပါတယ်' ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နျူရယ်လီဂရိတ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required