ဝူဟန်မြို့က ဘေးကင်းစင်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအား တံခါးဖွင့်ထားပြီဟု တရုတ် ပြော 

ဝူဟန်မြို့က ဘေးကင်းစင်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအား တံခါးဖွင့်ထားပြီဟု တရုတ် ပြော 

စက်တင်ဘာ ၁၀

ဒီဇင်ဘာလအတွင်းက ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့၏ ပြန်လည်ဦးမော့လာမှုကို  ကြားသိရန် ဖိတ်ခေါ်ချက်အရ နိုင်ငံခြားကုမ္ပဏီ ၂၀ မှ အမှုဆောင်များက ဝူဟန်မြို့သို့ မကြာသေးမီက ရောက်ရှိသည်။ 

“ဝူဟန်ဟာ ဘေးကင်းစင်တဲ့ မြို့တစ်မြို့ပါ။”ဟု ဝူဟန်မြို့ တည်ရှိရာ ဟူဘေးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရင်ယုံက Citibank နှင့် အမေရိကန်အခြေစိုက် အဖျော်ယမကာလုပ်ငန်း AstraZeneca တို့အပြင် တရုတ်ရှိ နိုင်ငံခြားမီဒီယာများမှ ကိုယ်စားလှယ်များအား ပြောသည်။ 

ကမ္ဘာတစ်လွှား ပျံ့နှံ့သွားရသော ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားမှုကို ဦးစွာကိုင်တွယ်ဖြေရှင်းမှုအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများ ပြေလျော့ရေးအတွက် ပြီးခဲ့သည့် လများစွာအတွင်း တရုတ်နိုင်ငံက ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။ 

ဝူဟန်မြို့တွင်လည်း မြို့နေများသည် ဈေးများနှင့် ပန်းခြံများသို့ နွေအပူအောက်မှာပင် နှာခေါင်းစည်းများ တပ်ဆင်လျက် သွားလာနေကြပြီ ဖြစ်သည်။ မြို့တွင် အများပြည်သူယာဉ်လိုင်းများနှင့် ရှော့ပင်းမောလ်များသို့ သွား ရောက်ရာ၌ မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရန် အမိန့်ပြဋ္ဌာန်းထားသည်။ 

“စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေက ကူးစက်ဖြစ်ပွားမှု မတိုင်မီကနဲ့ နှိုင်းယှဉ်ရင် ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာပြီဖြစ်တယ်။”ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။ 

“အခုဆိုရင် စာသင်ကျောင်းတွေဟာ ဘေးအန္တရာယ် အကင်းစင်ဆုံး နေရာတွေပဲ ဖြစ်တယ်။”ဟု ချန်ချွင်းလမ်း မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ယန်ဟောင်က ပြောသည်။ မြို့အား ဇန်နဝါရီ ၂၃ ရက်က လော့ဒေါင်းချပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည့် စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ကျောင်းသားပေါင်း ၃၆၀၀ ခန့် ကျောင်းပြန်တက်နေသည်။ 

ကျောင်းသားကျောင်းသူများကို တစ်နေ့လျှင် ကိုယ်အပူချိန် သုံးကြိမ်တိုင်းပြီး ဆရာဆရာမများအနေဖြင့်လည်း ကျန်းမာရေးစစ်ဆေးချက် နှစ်ကြိမ်ခံယူပြီးမှ ကျောင်းသို့ လာရောက်ခွင့်ရှိသည်ဟု ယန်ဟောင်က ဆိုသည်။ 

တရုတ်အလယ်ပိုင်း၏ သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်သော ဝူဟန်မြို့သည် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများ အခြေစိုက်ရာ မြို့လည်း ဖြစ်သည်။ သုံးလနီးပါ လော့ဒေါင်းချခဲ့ခြင်း ထိခိုက်ခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏ လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နေပြီဟု ဆိုကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required