၂၀၂၀ ရွေးကောက်ပွဲတွင် တစညပါတီက ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ဝင်ပြိုင်မည် 

၂၀၂၀ ရွေးကောက်ပွဲတွင် တစညပါတီက ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ဝင်ပြိုင်မည် 

လာမည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည) ပါတီက ရွေးကောက်ခံကိုယ်စားလှယ်လောင်း ၄၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်တယ်လို့ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်လွှတ်တော် မဲဆန္ဒနယ်အတွက် ၄၂ ဦး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၉၇ ဦး၊ တိုင်းနဲ့ပြည်နယ် မဲဆန္ဒနယ်အတွက် ၂၆၄ ဦးနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်မဲဆန္ဒနယ်အတွက် ရှစ်ဦး ဦးဝင်ပြိုင်မှာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးနီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သတင်း - နောင်နောင် ဓာတ်ပုံ - သူရ /မဇ္ဈိမ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required