နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်သည် တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်သည် တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

နေပြည်တော်၊ မေ - ၄

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည်တစ်ဦးသည် ဧပြီ ၃၀ ရက်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း ရောဂါများခံစားနေရသဖြင့် မေ ၁ ရက်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အထူးကြိုတင်ပြင်ဆင်ထားသော နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်၌ သီးခြားစောင့် ကြည့်၍ လိုအပ်သောကုသမှုများဆောင်ရွက်ပေးခဲ့ရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်သည်ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ PCR နည်းဖြင့် စမ်းသပ်စစ်ဆေးရာ မေ ၄ ရက်နံနက် ၄ နာရီခွဲတွင် ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း သိရှိရသဖြင့် စစ်သည်အား တပ်မတော်မှကြိုတင်စီစဉ်ထားသည့် COVID-19 ရောဂါအထူးကုသရန် သတ်မှတ်ထားသည့် ဆေးရုံသို့ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်း၏ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းစစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required