ဒေးဗစ်လား အပါအဝင် COVID-19 လူနာ ၁၀ ဦး ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းပြီ

ဒေးဗစ်လား အပါအဝင် COVID-19 လူနာ ၁၀ ဦး ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းပြီ

မဇ္ဈိမ ၂

ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံဆင်းခွင့်ပြုသော COVID-19 ကူးစက်ခံထားရသော လူနာ ၁၀ ဦးတွင် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားလည်းပါဝင်သည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ညထုတ်ပြန်ချက်အရ သိရသည်။

အငြင်းပွားဖွယ်ရာဟောပြောမှုများရှိခဲ့သူ ဒေဗစ်လားသည် ဝတ်ပြုဆုတောင်းပွဲအချို့ကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပြုလုပ် ဟောပြောခဲ့ရာ တက်ရောက်သူအချို့ရှိခဲ့သည်။
ယခုအခါ သူသည္ အမှုရင်ဆိုင်ရဖွယ်ရှိနေသေးသည်။

ဒေးဗစ်လားအပါအဝင် လူလေးဦးအား ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့်အမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက  ဧပြီ ၁၉ ရက်နေ့က အမှုဖွင့်ထားသည်။

အဆိုပါ ဆုတောင်းပွဲများနှင့်ဆက်စပ်၍  ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများအနက် အခြားလေးဦးလည်း ယခုအခါ ဆေးရုံဆင်းခွင့်ရပြီဖြစ်သည်။
 

အခြားဆေးရုံဆင်းခွင့်ရသူများထဲတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်နေ အသက် ၆၀ နှစ်အရွယ် ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးလည်း ပါဝင်သည်။

ဆေးရုံမှဆင်းခွင့်ပြုလိုက်သော်လည်း သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်ထားရှိသည်။
 
ယနေ့အချိန်ထိ ဆေးရုံမှပြန်ဆင်းသွားသူ စုစုပေါင်း ၂၇ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required