သူပုန်များက ဖမ်းဆီးထားသည့် အစိုးရစစ်သားများကို လူတံတိုင်းများအဖြစ် အသုံးပြုနေဟုဆို

သူပုန်များက ဖမ်းဆီးထားသည့် အစိုးရစစ်သားများကို လူတံတိုင်းများအဖြစ် အသုံးပြုနေဟုဆို

ဒိုမာ၊ နိုဝင်ဘာ - ၃ ။            ။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နှင့် ဆီးရီးယားအတိုက်အခံအုပ်စု၏ သတင်းပို့ချက်အရ သူပုန်များက အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ဖမ်းဆီးလှောင်အိမ်ထဲထည့်ထားသည့် ဆီးရီးယားစစ်သားများနှင့် အစိုးရအား သစ္စာခံသူများကို လူတံတိုင်းများသဖွယ် အသုံးပြုနေသည်ဟု ဆိုသည်။

‘လူတွေကို လှောင်အိမ်ထဲထည့်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အန္တရာယ်လာမယ့်လမ်းမှာ ရှေ့ကထားတာဟာ အစိုးရရဲ့ သိမ်းကြုံးတိုက်ခိုက်မှုတွေကို တားဆီးဖို့ဆိုရင်တောင်မှ ဘယ်လိုမှ မတရားတဲ့အလုပ်ပါ’’ဟု လူ့အခွင့်အရေးစောင့်ကြည့်အုပ်စုမှ နာဒင်း ဟူရီက ပြောကြားခဲ့သည်။

စနေနေ့က လူမှုမီဒီယာပေါ်တက်လာသည့် ဗွီဒီယိုများတွင်မူ ယောကျာ်းမိန်းမ လူ၈ယောက်ခန့် ထည့်သွင်းထားသည့် လှောင်အိမ်များကို ကုန်တင်ကားများဖြင့် သယ်ဆောင်နေသည့်ပုံများကို တွေ့ကြ ရသည်ဟု အတိုက်အခံ Shaam သတင်းကွန်ရက်က ပြောကြားခဲ့သည်။  

 ‘သူပုန်တွေက လူ ၇ ယောက်နီးပါးစီပါဝင်တဲ့ လှောင်အိမ် ၁၀၀လောက်ကို ဖြန့်ချထားတယ်။ သူတို့က အစိုးရနဲ့ ရုရှလေတပ်က အဓိကပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတဲ့ ဒိုမာမြို့တော်ရဲ့ အများဆိုင်နေရာတွေ၊ ဈေးတွေမှာ ဖြန့်ချထားဖို့ လှောင်အိမ်ပေါင်း ၁၀၀၀လောက် ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်’’ အတိုက်အခံ ရှမ်းသတင်းကွန်ရက်က ပြောကြားခဲ့သည်။

ထိုနည်းဗျူဟာမှာ ရည်မှန်းချက်အတိုင်း အောင်မြင်သလားဟု မေးမြန်းသည့်အခါတွင်မူ အစိုးကလည်း မတုန့်ပြန်သလို အတိုက်အခံကလည်း တစ်ခွန်းတစ်ပါဒမျှ ဖြေကြားခြင်းမရှိခဲ့ပေ။

ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ပြောကြားချက်အရ အစိုးရလိုလားသည့် စစ်သွေးကြွများကလည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ဖမ်းဆီးထားသည့် အတိုက်အခံများကို လူတံတိုင်းအဖြစ် အသုံးပြုခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required