အောက်တိုဘာလတည်းမှာပင် ပါလက်စတိုင်းလူမျိုး ၂၆၁၇ ယောက် အစ္စရေး၏ ပတ်ခတ်မှုခံခဲ့ရဟုဆို

အောက်တိုဘာလတည်းမှာပင် ပါလက်စတိုင်းလူမျိုး ၂၆၁၇ ယောက် အစ္စရေး၏ ပတ်ခတ်မှုခံခဲ့ရဟုဆို

တီဟီရန်၊ နိုဝင်ဘာ - ၂ ။          ။ အောက်တိုဘာ တစ်လအတွင်းမှာပင် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၂၆၁၇ယောက်မှာ အစ္စရေးတပ်ဖွဲ့များ၏ ကျည်အစစ် (သို့မဟုတ်) ရာဘာကျည်များဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး သေဆုံး (သို့မဟုတ်)ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အရာရှိများက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁ရက်နေ့က ပါလက်စတိုင်း သတင်းအေဂျင်စီ Man’an က ကြက်ခြေနီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားဖော်ပြရာတွင် ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေတစ်လွှားတွင် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၇၆၀မှာ ကျည်အစစ်ဖြင့် အပစ်ခံခဲ့ရပြီး နောက်ထပ် ၁၈၅၇ဦးမှာ ရာဘာစွပ် စတီးကျည်ဆံများဖြင့် အပစ်ခံခဲ့ရသည်ဟု ဆိုသည်။

အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၅၆၄၅ဦးမှာ မျက်ရည်ယိုဗုံးများ လောင်ကျွမ်း၍လည်းကောင်း၊ အငွေ့များကို ရှူမိ၍လည်းကောင်း ရေရှည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ဆိုသည်။ အောက်တိုဘာတစ်လအတွင်းမှာပင် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၇၂ယောက်မှာ အစ္စရေးစစ်သားများ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ကျူးကျော်သိမ်းပိုက်ထားသည့် နယ်မြေများတွင် အစ္စရေးအစိုးရနှင့် ပါလက်စတိုင်းလူမျိုးများကြား တင်းမာမှုများ မြင့်မားလာနေခဲ့သည်။

ဂျေရုစလင်အရှေ့ပိုင်းရှိ အယ်လ် အက်ဆာဗလီအတွင်းသို့ ပါလက်စတိုင်းဘုရားဖူးများ ဝင်ရောက်မှုကို အစ္စရေးက သြဂုတ်လက တင်းကျပ်ကန့်သတ်လိုက်သောကြောင့် တင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။

အလားတူကာလအတွင်းမှာပင် အသတ်ခံရသည့် အစ္စရေးနိုင်ငံသားအရေအတွက်မှာ ၁၀ယောက်အထိ ရှိခဲ့ပြီး အခြား ၁၃၀ခန့်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required