အမှိုက်မှ လျှပ်စစ်၊ လောင်စာတောင့်နှင့် ဓာတ်ငွေ့ထုတ်ရန် စည်ပင်မှထပ်မံအကောင်အထည်ဖော်နေ

အမှိုက်မှ လျှပ်စစ်၊ လောင်စာတောင့်နှင့် ဓာတ်ငွေ့ထုတ်ရန် စည်ပင်မှထပ်မံအကောင်အထည်ဖော်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂။           ။ အမှိုက်ပုံအသီးသီးသို့ရောက်ရှိလာသော အမှိုက်များမှနေ၍ လျှပ်စစ်၊ လောင်စာတောင့်နှင့် ဇီဝဓာတ်ငွေ့တို့ကိုထုတ်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထပ်မံအကောင် အထည်ဖော် လုပ်ဆောင်နေကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောသည်။

“ အခု လောင်စာတောင့်နဲ့ လျှပ်စစ်ရော Gas ရော (၃) မျိုးစလုံးအတွက်ကို စီစဉ်ထားပါတယ်။ အဲ့အပိုင်းကိုကျွန်တော်တို့ ဆက်အကောင် အ ထည်ဖော်နေပါတယ်” ဟု ဦးမောင်မောင်စိုး ကပြော သည်။

ယခင်ကလည်း မြို့တော်စည်ပင်အနေဖြင့် အမှိုက်မှလျှပ်စစ်ထုတ်ရန်လုပ်ဆောင်ခဲ့သော်လည်း ရောင်းဈေးမှာ ဝယ်နိုင်သည့် ဈေးထက်မြင့် နေသောကြောင့်အဆင်မပြေဖြစ်ခဲ့ဖူးကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့် ဂျပန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့၏ အကူအညီဖြင့် အမှိုက်မှ လျှပ်စစ်အပြင် လောင်စာတောင့်နှင့် ဓာတ်ငွေ့ (၃) မျိုးစလုံးကို ထုတ်ယူ ရန် ထပ်မံစီစဉ်ရခြင်းဟုလည်း သိရသည်။

ယင်းလုပ်ငန်းအတွက် တစ်ရက်လျှင် အမှိုက်တန်ချိန် တစ်ထောင် အသုံးပြုရမည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် တစ်ရက်လျှင် ၄၅ တန် ထွက်ရှိမည်ဖြစ်ကာ ယင်းမှတစ်ဆင့် တစ်ရက်လျှင် CNG Gas ၁၅၀ မီတာကျူ့ထွက်ရှိမည်ဟုဆိုသည်။

ထို့အပြင် RTS ခေါ် (ကျောက်မီးသွေး၊ စပါးခွံ အစားထိုးလောင်စာ) ကို တစ်ရက်လျှင် တန်ချိန် ၂၃၀ ထွက်ရှိမည် ဖြစ်ကာ လက်ရှိ ယင်း စီမံကိန်း ဆောင်ရွက်ရန် လုပ်ငန်းဆောင်ရွက်နေဆဲ ကာလဖြစ်သည်ဟု မြို့တော်စည်ပင်မှ သိရသည်။

သို့သော်လည်း လုပ်ငန်းစတင် လည်ပတ်မည့်နေ့နှင့် ထွက်ရှိသည့် စွမ်းအင်ကို မည်သည့်နေရာတွင် သုံးစွဲမည်ကို ၎င်းက ပြောကြားခဲ့ခြင်း မရှိချေ။

၂၀၁၉ ခုနှစ်အထိ ရန်ကုန်မြို့တွင် လူဦးရေ ၇ သန်းခန့်နေထိုင်ပြီး တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၅၀၀ ကျော်ခန့် စွန့်ပစ်နေကြောင်းလည်း သိရသည်။

ထို့ကြောင့် အမှိုက်များစုပုံထူထဲလာပြီး မီသိန်းကဲ့သို့ ဓာတ်ငွေ့များထွက်ပေါ်သောကြောင့် အပူလွန်ကာ ၂၀၁၈ ခုနှစ် ဧပြီလတွင်လှိုင်သာယာ ရှိ ရန်ကုန်မြို့၏ အကြီးမားဆုံး ထိန်ပင်အမှိုက်ပုံမှာ မီးလောင်ကျွမ်းခဲ့ ရကြောင်း လည်း မြို့တော်စည်ပင်မှပြောသည်။

“ စွမ်းအင်ထုတ်ဖို့ စဉ်းစားရင်းနဲ့ ကျွန်တော်တို့အမှိုက်တော်တော်များများလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ waste energy အတွက်ကိုပြန်စဉ်း စားတဲ့အခါကျတော့ ဂျပန်နိုင်ငံရော ပိုလန်နိုင်ငံရော ကျွန်တော်တို့ စနစ် နှစ်မျိုး နှင့်သွားနေပါတယ်” ဟု ဦးမောင်မောင်စိုးကပြောသည်။

လက်ရှိအချိန်ထိ ရန်ကုန်စည်ပင်အနေဖြင့် အမှိုက်များကို အမှိုက်ပုံကြီးများတွင်သာ စုပုံစွန့်ပစ်နေဆဲဖြစ်ကာ ပြန်လည်အသုံးချမှုနည်းနေ သေး ပြီး ယခုကဲ့သို့စွမ်းအင်ထုတ်ယူသုံးစွဲရန်စီစဉ်ရခြင်းဟုလည်း ၎င်းကဆိုသည်။

ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များကြောင့် မြေနေရာလိုအပ်ချက် မြင့်မားလာနေသောကြောင့် မီးလောင်ထားသည့် ထိန် ပင်အမှိုက်ပုံအား UN-Habitat နှင့် ပူးပေါင်းပြီး အမှိုက်ပေါ် အမှိုက်ပုံသည့် စနစ်မျိုးကိုလည်း ဆောင်ရွက်နေသည်ဟုလည်း မြို့တော် စည်ပင် မှသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required