အိန္ဒိယတွင် ဖမ်းမိထားသည့် အုပ်စုဖွဲ့ မုဒိမ်းကျင့် လူသတ်မှု သံသယတရားခံတွေကို ရဲက ပစ်သတ်၍ လူအများက ဩဘာပေး

အိန္ဒိယတွင် ဖမ်းမိထားသည့် အုပ်စုဖွဲ့ မုဒိမ်းကျင့် လူသတ်မှု သံသယတရားခံတွေကို ရဲက ပစ်သတ်၍ လူအများက ဩဘာပေး

ဒီဇင်ဘာ ၆ ။        ။ အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးရမိထားသည့် အုပ်စုလိုက် အဓမ္မပြုကျင့်ကာ လူသတ်မှု ကျူးလွန်သည်ဆိုသော သံသယတရားခံလေးဦးကို ရဲက ပစ်သတ်လိုက်၍ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုကာ ဩဘာပေးကြသည်။

အဆိုပါ သံသယ တရားခံလေးဦးသည် ၎င်းတို့ ကျုးလွန်ခဲ့သည့် အခင်းဖြစ်ရပ်အတွက် မူခင်းသရုပ်ပြ လုပ်ပြနေစဉ် ရဲက ပစ်ခတ်လိုက်ခြင်းဖြစ်ရာ လူအများက ချီးကျူးဂုဏ်ပြုကြသော်လည်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

တောင်ပိုင်း ဟိုင်ဒါရာဘတ်မြို့က ရဲစခန်းတွင် သီတင်းပတ်ကြာ အချုပ်ခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ထားသည့် အဆိုပါ သံသယတရားခံ လေးဦးသည် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက မူခင်းသရုပ်ပြစဉ် ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

“မူခင်းသရုပ်ပြချိန်မှာ သူတို့ လေးဦးက အစောင့်တွေဆီက လက်နက်တွေကို လုယက်ဖို့ ကြိုးစားတယ်။ ဒီလို မလွှဲသာတဲ့ အခြေအနေမှာ ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားရတာ ဖြစ်တယ်။”ဟု ဒုတိယရဲမှူးချုပ် ပရာကက်ရှ်ရက်ဒီက အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ သေဆုံးသူ လေးဦးသည် နိုဝင်ဘာလအတွင်းက အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ကု ဆရာဝန်မတစ်ဦးအား အုပ်စုဖွဲ့ သားမယားပြုကျင့်ကာ သတ်ဖြတ်ပြီး အလောင်းကို မီးရှို့ခဲ့ကြသည့် ပြစ်မှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယင်း ဖြစ်ရပ်ကြောင့် နိုင်ငံအတွင်း မြို့အချို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရပြီး မုဒိမ်းမှုများကို မြန်မြန်ဆန်ဆန် တရားစီရင်ကာ ပြင်းထန်ကြီးလေးသည့် ပြစ်ဒဏ်များ ပေးရေး တောင်းဆိုဆန္ဒပြကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required