အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်နေတဲ့ ဘလွန်းဒီအောဆု စံချိန်ရှင် မက်ဆီ

03 December 2019
အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်နေတဲ့ ဘလွန်းဒီအောဆု စံချိန်ရှင် မက်ဆီ

အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်နေတဲ့ ဘလွန်းဒီအောဆု စံချိန်ရှင် မက်ဆီ
***********************

တနင်္လာနေ့က ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲအခမ်းအနားမှာ အသက် (၃၂)နှစ်အရွယ်မှာ ဘလွန်းဒီအောဆု (Ballon d'Or)ကို (၆)ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးပြီးနောက်မှာတော့ လီယွန်နယ် မက်ဆီကသူဟာ အသက်အရွယ်အရ ခြေစွမ်းကျသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်လို့ ပြောဆိုသွားပါတယ်။

ဘလွန်းဒီအော်ဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ ခုနှစ်တွေမှာ ရရှိခဲ့တဲ့ မက်ဆီဟာ ၂၀၁၅ နောက်ပိုင်း သူ့ရဲ့ ပထမအကြိမ် ဘလွန်းဒီအော်ဆုဖြစ်သလို ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ (၅)ကြိမ်စီ အပြိုင်ဖြစ်နေရာကနေ တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63781
တင်ဆက် - ယမုံမှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required