သည်ဟိတ်မြို့မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ အရွယ်မရောက်သေးသူ သုံးဦးဒဏ်ရာရ

သည်ဟိတ်မြို့မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ အရွယ်မရောက်သေးသူ သုံးဦးဒဏ်ရာရ

သည်ဟိတ်၊ နိုဝင်ဘာ ၃၀ ။              ။ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အဓိက ဈေးဝယ်စင်တာများရှိသည့် လူစည်ကားရာလမ်းတွင် အရွယ်မရောက်သေးသူ သုံးဦးအား ဓားဖြင့် တိုက်ခိုက်ခဲ့သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက် ရှိသည်။

ဈေးဝယ်သူများဖြင့် စည်ကားနေသည့် အချိန်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် စိတ်ထင်ရာ တိုက်ခိုက်ခြင်း ဖြစ်ပြီး လူအများ ကြောက်လန့်တကြား ဖြစ်ခဲ့ရသည်။

“ကျွန်မတို့ ဖြစ်ပျက်ပုံတွေကို လိုက်လံမေးမြန်းနေပါတယ်။”ဟု ရဲဌာန ပြောခွင့်ရသူက အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပြောသည်။

ယခု ဓားကိုင်တိုက်ခိုက်မှုသည် လန်ဒန်တွင် ဖြစ်ပွားသော အကြမ်းဖက် ဓားကိုင်တိုက်ခိုက်မှုဖြင့် ဆက်စပ်မှု ရှိမရှိလည်း စုံစမ်းလျက်ရှိသည်။

နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပွားသော ယခု သည်ဟိတ်မြို့က ဓားကိုင်တိုက်ခိုက်မှုအပြီး နာရီပိုင်းတွင် လန်ဒန်တံတား၌ ဓားကိုင်တိုက်ခိုက်မှု ဖြစ်ရာ၌ လူ နှစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါ ဓားကိုင်တိုက်ခိုက်သူသည် အကြမ်းဖက်မှုဖြင့် ထောင်ကျဖူးသူဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required