အစ္စရေး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကြိုးပမ်းမှု မအောင်မြင်၊ ရွေးကောက်ပွဲ ထပ်မံကျင်းပရဖွယ် ရှိနေ

အစ္စရေး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကြိုးပမ်းမှု မအောင်မြင်၊ ရွေးကောက်ပွဲ ထပ်မံကျင်းပရဖွယ် ရှိနေ

နိုဝင်ဘာ ၂၁။          ။ အစ္စရေးညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဘန်နီ ဂန့်ဇ်က နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာသွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရရှိထားခဲ့သည့် ၎င်း၏ အပြာနှင့် အဖြူ မဟာမိတ်အဖွဲ့ပါတီအနေဖြင့် လက်ရှိမှာ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြင်း မရှိကြောင်း ယင်း အုပ်စုခေါင်းဆောင်  ဂန့်ဇ်က ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် အဆိုပါ နိုင်ငံတွင် တစ်နှစ်အတွင်းမှာပဲ တတိယမြောက် အထွေထွေရွေးကောက်ပွဲတစ်ရပ် ထပ်မံကျင်းပသွားရရန် နီးစပ်လာခဲ့ပြီဖြစ်သည်။

နိုင်ငံရေးအမြင်မျှတသူတစ်ဦးဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဂန့်ဇ်၏ ပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ ပါတီထက် အမတ်နေရာ ပိုမို အနိုင်ရရှိထားခဲ့သည်။

သို့သော် အစိုးရသစ်ဖွဲ့ရန် အပြတ်အသတ် အနိုင်မရခဲ့သည့်အတွက် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းသွားနိုင်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း ဂန့်ဇ်အနေဖြင့် ၂၈ ရက်ကြာ ညှိနှိုင်းဆွေးနွေးမှု ကာလအတွင်း အောင်မြင်အောင် ကြိုးပမ်းနိုင်ခဲ့ခြင်း မရှိခြင်းဖြစ်သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required