တစ်ပူပေါ် နှစ်ပူဆင့်နေရတဲ့ မဲဆန္ဒရှင်တို့ ပြဿနာ

တစ်ပူပေါ် နှစ်ပူဆင့်နေရတဲ့ မဲဆန္ဒရှင်တို့ ပြဿနာ

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တို့၏ စိုးရိမ်ပူပန်မှုသည် တစ်ပူပေါ် နှစ်ပူဆင့်လာသည့် အနေအခြေ ဖြစ်လာနေသည်ကို မြင်တွေ့ နေကြရသည်။ ပထမအကြိမ် တွင်ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများအတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မည်လား၊ သို့မဟုတ် မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးကြရမည့် အခြေအနေများကို မဲဆန္ဒရှင် ပြည်သူတို့ ပူပန်ခဲ့ကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲစနစ်နှင့် ဆယ်စုနှစ်များစွာ ဝေးကွာခဲ့ရသည့် မြန်မာပြည်သူ လူထုအတွ စိုးရိမ် ပူပန်မှုများသည် အပြစ်ဆိုရန် မထိုက်ပါ။ အလားတူ လုပ်ထုံးလုပ်နည်းနှင့် နည်းစနစ်များ နားလည်မှု အားချက်များအတွက်လည်း စောဒကတက်ရန် မသင့်လျော်ပါ။

နှစ်ပေါင်းများစွာ စနစ်တကျ မရှိခဲ့သော လူ့အဖွဲ့အစည်းနှင့် စနစ်ကျသော လူ့အဖွဲ့အစည်းဖြစ် ရန် အခွင့်အလမ်းနှင့် အခြေအနေများ မရှိခဲ့သော ပြည်သူများအတွက် ရွေးကောက်ပွဲ မဲပေးနည်းစနစ် များ မည်သို့မည်ပုံ ဖြစ်သင့်သည်၊ ဖြစ်ရမည်ကို မသိရှိသည်မှာ ယင်းတို့ အလွန်မဟုတ်ဟု မဇ္ဈိမက ခိုင်ခိုင်မာမာ ယုံကြည်သည်။

မဲစာရင်းတွင် အမည်စာရင်း မပါမှု၊ လူပိုများပါဝင်နေမှု၊ အမည်လွဲမှားမှု အစရှိသည့် အခြေအ နေများတွက်လည်း မဲဆန္ဒရှင် ပြည်သူများတွင် တာဝန်မရှိပါ။ သို့သော် မဲဆန္ဒရှင်များ မဲစာရင်း စစ်ရန် မှာမူ မိမိတို့၏ တာဝန်ဖြစ်သည်။မဲစာရင်းစစ်သော်လည်း အမည်နာမ မပါမှုနှင့် မှားယွင်း နေမှုများ အတွက် စနစ်တကျ ပြန်လည်ပြုစုပေးရန် တောင်းဆိုခဲ့ကြပြီး ဖြစ်သည် မဲစာရင်း မှားယွင်းမှုများအတွက်ပြည်တွင်း မဲဆန္ဒရှင်တို့၏ ပူပန်မှုအပြီး ပြည်ပတွင် ကြိုတင်မဲ များ ပေးသည့်အခါတွင်လည်း ပြည်ပရောက် မဲဆန္ဒရှင်တို့၏ ပူပန်မှုများ ပြည်တွင်း မဲဆန္ဒရှင်များသို့ ကူးစက် လာပြန်တော့သည်။

ဖြစ်ပျက်ပုံမှာ ထောင်ဂဏန်းသာရှိသည့် ပြည်ပရောက် မဲဆန္ဒရှင်များအတွက် မဲစာရင်း မပြည့် စုံခြင်း၊ ဆန္ဒမဲလက်မှတ်များ အပြည့်အစုံမရခြင်း၊ အမည်စာရင်းမပါခြင်း စသည့် အခြေအနေများနှင့် ကြုံတွေ့နေရခြင်းကြောင့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပြည်တွင်း မဲပေးမှုတွင်လည်း အလားတူ အခြေအနေမျိုး ပေါ်ပေါက်လာပါက မည်သို့လုပ်ကြမည်ကို မေးခွန်းထုတ်ရန် ရှိတော့သည်။

ထောင်ဂဏန်းသာရှိသည့် ပြည်ပရောက် မဲဆန္ဒရှင်များပင် ဤမျှ ခက်ခဲနေပါက သန်းနှင့်ချီရှိ သည့် ပြည်တွင်း မဲဆန္ဒရှင်များအတွက်မူ ပို၍ စိုးရိမ်ဖွယ် ရှိတော့သည်။ ထို့ကြောင့် ပြင်ဆင်ချိန် ရသေး သည့် အချိန်တွင် ပြင်ဆင်ထားကြရန်နှင့် မှားယွင်းမှုများ ထပ်မံ ပေါ်ပေါက်လာပါက လွတ်လပ်ပြီး မျှတသည် ရွေးကောက်ပွဲ အဖြစ်သတ်မှတ်နိုင်ရန် ခက်ခဲမည်ဖြစ်သကဲ့သို့ ရလဒ်များသည်လည်း ပကတိ အခြေအနေနှင့် လွဲချော်နိုင်သည်ကို မဇ္ဈိမက သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required