ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာကို အိန္ဒိယ ပယ်ဖျက်

ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာကို အိန္ဒိယ ပယ်ဖျက်

ကက်ရှ်မီးယား၊ သြဂုတ် ၅ ။         ။ အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသအတွက် ဖွဲ့စည်းပုံအရ အထူးပြဌာန်းထားတဲ့ ဥပဒေကို သမ္မတအမိန့်နဲ့ အစိုးရဟာ အားချင်း ဖျက်သိမ်းလိုက်ပါတယ်။

မွတ်စလင်အများစု ရှိရာ ကက်ရှ်မီးယားက ဟိမဝန္တာဒေကို အထူးကိုယ်ပိုင်အုပ်ချုပ် ပေးထားတဲ့ ဖွဲ့စည်းပုံပါ ပုဒ်မ ၃၇၀ ကို သမ္မတက လက်မှတ်ထိုး ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး အမ်မစ်ရှက်က လွှတ်တော်မှာ သြဂုတ် ၅ ရက်က တင်ပြလာပါတယ်။

ဒီ လုပ်ဆောင်ချက်ဟာ အငြင်းပွား ကက်ရှ်မီးယားဒေသအရေးမှာ နှစ်ခုနစ်ဆယ်နီးပါးအတွင်း အိန္ဒိယရဲ့ အလှမ်းကျယ်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။

“အိန္ဒိယ ထိန်းချုပ်တဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ဟာလည်း နိုင်ငံရဲ့ ဖွဲ့စည်းပုံရဲ့အောက်မှာပဲ တပြေးတညီတည်း ရှိတော့မှာ ဖြစ်ပါတယ်။”လို့ ပြည်ထဲရေးဝန်ကြီး အမ်မစ်ရှက်က ပြောပါတယ်။

ကက်ရှ်မီးယား ပြင်ပက အိန္ဒိယနိုင်ငံသားတွေကို ယင်းဒေသမှာ အမြဲတမ်းနေထိုင်ခြင်း၊ မြေယာဝယ်ယူခြင်း၊ အစိုရ အလုပ်လုပ်ကိုင်ခြင်းနဲ့ ပညာသင်ဆုလျှောက်ထားခြင်းတွေကို ပုဒ်မ ၃၇၀ နဲ့ တားမြစ်ထားတာဖြစ်ပါတယ်။
အစိုးရဟာ ပုဒ်မ ၃၇၀ ကို ပယ်ဖျက်လိုက်ပြီး မွတ်စလင် အများစု ကက်ရှ်မီးယားဒေသဆီ ဟိန္ဒူတွေ ဝင်ရောက်နေထိုင်မှု ပိုမိုများပြားစေပြီး ဒေသအခင်းအကျင်းကို ပြောင်းလဲပစ်နိုင်မယ် မျှော်လင့်ချက်နဲ့ ခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required