မဇ္ဈိမမှ တင်ဆက်မည့် ရွေးကောက်ပွဲ တိုက်ရိုက် ထုတ်လုပ်မည့် အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ပါသည်

07 October 2015
မဇ္ဈိမမှ တင်ဆက်မည့် ရွေးကောက်ပွဲ တိုက်ရိုက် ထုတ်လုပ်မည့် အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ပါသည်

မြန်မာ့ ရွေးကောက်ပွဲ တိုက်ရိုက် ထုတ်လွှင့်မည့် အစီရင်ခံသုံးသပ်ချက် အစီအစဉ်ကို မဇ္ဈိမက တင်ဆက်သွားမည် ဖြစ်ရာ ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ခေါ်ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး လွတ်လပ်မျှတသော ရွေးကောက်ပွဲဟု ဆိုနေကြသည့် ရွေးကောက်ပွဲအပေါ် တိုက်ရိုက် သုံးသပ်တင်ဆက်မှှု ရုပ်သံ အစီအစဉ်တွင် လေ့လာခွင့်ရမည့် (သို့မဟုတ်) အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခွင့်ရမည့် အခွင့်အရေး တစ်ရပ်လည်း ဖြစ်သည်။

သမိုင်းဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့် ဆောင်ရွက်မှှုများ အကြောင်းကို ရုပ်သံ ရှုစားသူများ သိမြင်နားလည်စေရန် မဇ္ဈိမ မီဒီယာသည် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အကြောင်းအရာများကို မျက်ခြည်မပြတ် တင်ဆက်သွားမည် ဖြစ်သည်။ မဇ္ဈိမသည် ရွေးကောက်ပွဲအကြောင်း၊ မဲဆွယ်စည်းရုံး မှှုများအကြောင်း စသည်တို့နှင့် ပတ်သက်သော သတင်းများနှင့် မျှတသော သုံးသပ်ချက်များကို တင်ဆက်ပေးနိုင်မည့် အနေအထားကောင်းတွင် ရှိနေပါသည်။

တိုက်ရိုက် အစီရင်ခံ သုံးသပ်သူများထဲတွင် ဝါရင့် သတင်းစာဆရာ ဦးသီဟစော၊ သတင်းလေ့လာ သုံးသပ်သူ ဦးစည်သူအောင်မြင့်နှင့် မဇ္ဈိမအယ်ဒီတာ တစ်ဦးတို့ အပါအဝင် မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့လူမှှုအဖွဲ့အစည်း ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ကြမည်ဖြစ်သည်။

ကျေးဇူးပြု၍ မဇ္ဈိမ ရုပ်သံ စတူဒီယိုသို့ ကြွခဲ့ပါ။

တိုက်ရိုက် ထုတ်လွှင့်သုံးသပ်မှှု အစီအစဉ်များကို ရန်ကုန်မြို့ရှိ မဇ္ဈိမ မီဒီယာရုပ်သံ စတူဒီယိုတွင် ပြုလုပ် တင်ဆက်သွားပါမည်။

နေ့ရက် - နိုဝင်ဘာ ၇၊ ၈ နှင့် ၉

ပြသမည့်အချိန် - နံနက် ၉ နာရီမှ ည ၁၁ နာရီ ( ည ၁၁ နာရီမှ နံနက် ၉ နာရီအထိ တစ်ကြိမ် ပြန်လည် ထုတ်လွှင့် ပြသပါမည်)

ဘာသာစကား - မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ၂နာရီကြာ တစ်လှည့်စီ ပြသပါမည်။

မဇ္ဈိမ မီဒီယာ - ရန်ကုန် ရုံးချုပ်

အခန်းနံပါတ် ၀၀၁ ၊ ၀၀၃ ၊ ၁၀၁ ၊ ၁၀၃ (Lakekan Condo Tower) အထက် ပုဇွန်တောင်လမ်း၊ ရပ်ကွက် ၇၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။

မှတ်ချက်။ ။ မသဇင်နီ (ဖုန်း - ၀၉၄၂၁၁၆၅၄၃၆) ၊ email [email protected] သို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required