မြန်မာနိုင်ငံဆိုင်ရာကာတာသံရုံးမှ အမျိုးသားအားကစားနေ့ ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာကာတာသံရုံးမှ အမျိုးသားအားကစားနေ့ ကျင်းပ

ဖေဖော်ဝါရီ ၁၃ ။           ။ " ၈ ကြိမ်မြောက် ကာတာအမျိုးသားအားကစားနေ့ အထိမ်းမှတ်ပွဲ " ကို ဖေဖော်ဝါရီလ ၁၂ ရက် မနက်တွင် ရန်ကုန်၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာကာတာသံရုံး၏ သံရုံးယာယီတာဝန်ခံ Mr.Mansoor Mubarak Al_Khayarin မှ ကြီးမှူး၍ ကျင်းပသော အထိမ်းမှတ်ပွဲသို့ သံရုံးဝန်ထမ်းမိသားစုများ ၊ နိုင်ငံခြားသံရုံးအကြီးအကဲများနှင့် သတင်းမီဒီယာ များ တက်ရောက်၍ တင်းနစ် ၊ ကြက်တောင်နှင့် အခြားအားကစားအစီအစဉ်များ၌ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူတိုင်းအားကစားလှုပ်ရှားမှုများတွင် ပါဝင်ကာ ကျန်းမာလန်းဆန်းသောလူမှုဘဝများ ပိုင်ဆိုင်နိုင်ရန် ရည်ရွယ် ၍ နှစ်စဉ် ဖေဖော်ဝါရီလ၏ ဒုတိယအင်္ဂါနေ့ကို ကာတာနိုင်ငံ၏ အမျိုးသားအားကစားနေ့အဖြစ် သတ်မှတ်၍ ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကာတာလက်ရွေးစင် အသင်း၏ 2019 Asian Cup အောင်ပွဲကြောင့် ယခုနှစ် အမျိုးသားအားကစား အထိမ်းမှတ်ပွဲသည် ပိုမိုအမှတ်တရ ဖြစ်ခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required