သြစတြေးလျမှာ ရေကြီးပြီးနောက် ကျွဲနွားကောင်ရေ သိန်းနဲ့ချီ သေဆုံးဖွယ် ရှိနေ

သြစတြေးလျမှာ ရေကြီးပြီးနောက် ကျွဲနွားကောင်ရေ သိန်းနဲ့ချီ သေဆုံးဖွယ် ရှိနေ

ဖေဖော်ဝါရီ ၈ ။             ။ သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မကြုံစဖူး စံချိန်ချိုး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ကျွဲနွား သိန်းချီပြီး သေဆုံးသွားဖွယ် ရှိကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။

အဆိုပါ ကျွဲနွားတွေကတော့ ပြီးခဲ့တဲ့ ကာလက ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံထားခဲ့ရပြီး အားအင်ချည့်နဲ့နေခဲ့ကြရာကနေ ယခု ရေကြီးမှုတွေအတွင်းမှာတော့ သေဆုံးသွားကြဖွယ် ရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အသက်ရှင် ကျန်ရစ်နေဆဲဖြစ်တဲ့ ကျွဲနွားတွေကို အစာရေစာ ဝလင်အောင် ကျွေးမွေးနိုင်ဖို့အတွက် အာဏာပိုင်တွေဘက်က အားထုတ်နေကြရလျက် ရှိတယ်လို့ ဆိုပါတယ်။

သီတင်းပတ်နှစ်ပတ်နီးပါးကြာ မရပ်မစဲ မိုးရွာသွန်းခဲ့မှုကြောင့် ကွင်းစလန်းပြည်နယ်မှာ အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါတယ်။

" ကျွဲနွား ကောင်ရေ သိန်းချီ ဆုံးရှုံးရပြီလို့ ခန့်မှန်းရပါတယ်" လို့ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required