အူရီဒူးမြန်မာ၏ စီအီးအိုကို အကြံပေးပုဂ္ဂိုလ်နှင့်ဘုတ်အဖွဲ့ဝင်အဖြစ် တိုးမြှင့်ခန့်အပ်

အူရီဒူးမြန်မာ၏ စီအီးအိုကို အကြံပေးပုဂ္ဂိုလ်နှင့်ဘုတ်အဖွဲ့ဝင်အဖြစ် တိုးမြှင့်ခန့်အပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၅ ။             ။ အူရီဒူးမြန်မာ၏ စီအီးအို Mr. Vikram Sinha အား အင်ဒိုနီးရှားနိုင်ငံရှိ အူရီဒူးဆင်ဒိုဆက် CEO ၏ အကြံပေး ပုဂ္ဂိုလ်နှင့် အူရီဒူးမြန်မာ၏ဘုတ်အဖွဲ့ဝင်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်သည်။

 ၂၀၁၄ ခုနှစ်မှ စတင်ပြီး အူရီဒူး၌ စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး  အူရီးဒူးမော်လဒိုက်၊ အူရီဒူးမြန်မာတို့တွင် CEO အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။  

  “ကျွန်တော့်အနေနဲ့လည်း အူရီဒူး အင်ဒိုဆက် CEO ရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရယူပြီး ရည်မှန်းချက်ပန်းတိုင်သစ်တွေကို အောင်မြင်အောင် လုပ်ဆောင်ပေးပို့အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။” ဟု Mr. Vikram Sinha က ပြောသည်။

 ထိုသို့ တိုးမြှင့်လိုက်ခြင်းကြောင့် အူရီဒူးမြန်မာအတွက် CEO အသစ် ထပ်မံခန့်အပ်ရန်ရှိနေပြီး လတ်တလော အတွက် Mr. Alok Verma က Acting CEO အဖြစ် တာဝန်ယူလုပ်ကိုင်နေသည်။

  “အခုအချိန်ဟာဆိုရင် သိသာထင်ရှားစွာ အဆက်မပြတ် ပြောင်းလဲလာတဲ့ ဆက်သွယ်ရေးကဏ္ဍအတွက် အမှန်တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် Mr. Vikram ရဲ့ အတွေ့အကြုံ တွေ နဲ့ လုပ်ဆောင်ချက်တွေက ဒီအချိန်ကာလမှာ အင်ဒိုဆက်ရဲ့ တိုးတက်မှုနဲ့ ရှေ့ဆက်ဖွံ့ဖြိုးမှုတွေအတွက် အောင်မြင်အောင် တွန်းပို့နိုင်မယ်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်။” ဟု အူရီဒူး Group ၏ CEO H.E. Sheikh Saud bin Nasser Al Thani က ပြောသည်။

 ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် မြန်မာဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ စတင်ဝင်ရောက်ခဲ့သည့် အူရီဒူး သည် အရှေ့ အလယ်ပိုင်း၊ မြောက်အာဖရိက နှင့် အရှေ့တောင်အာရှတို့တွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျှက်ရှိသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required