အရှိန်​မထိန်​းနိုင်​ဘဲ တံတားအုတ်​ခုံအား ဝင်​​ရောက်​တိုက်​မိရာမှ ယာဉ်​တိမ်​း​မှောက်​မှုဖြစ်​ပွား

အရှိန်​မထိန်​းနိုင်​ဘဲ တံတားအုတ်​ခုံအား ဝင်​​ရောက်​တိုက်​မိရာမှ ယာဉ်​တိမ်​း​မှောက်​မှုဖြစ်​ပွား

​တောင်​တွင်​းကြီး၊ ဇန်​နဝါရီ ၂၀ ။     ။ တောင်​တွင်​းကြီး-မြို့ သစ်​ကားလမ်​း၊ ခင်​တဲ​ကျေးရွာအနီး ငမင်​တံတား​ပေါ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ည​နေ၃ နာရီခွဲအချိန်​ခန်​့က ယာဉ်​တိုက်​မှုတစ်ခု ဖြစ်​ပွား​ကြောင်​း ​တောင်​တွင်​းကြီးမြို့မရဲစခန်​းမှ သိရသည်​။

ဖြစ်​စဉ်​မှာ နတ်​​မောက်​ဘက်​မှ​ တောင်​တွင်​းကြီးဘက်​သို့ ယာဉ်​​မောင်​း ထွန်​းမြင်​့​အေး(ဘ)ဦးမြင်​့စိန်​(သ)၄၂ နှစ်​၊သဲဖြူ​ကျေးရွာ၊သရက်​မြို့ ​နေသူ ​မောင်​းနှင်​လာ​ပြီး၊ယာဉ်​​ပေါ်တွင်​ ​အောင်​နိုင်​ထွန်​း(ဘ)ဦးသန်​း​အောင်​(သ)၃၅ နှစ်​၊မွန်​းစ​ကျေးရွာ၊ဆင်​​ပေါင်​ဝဲမြို့ ​နေသူ လိုက်​ပါစီးနင်​းလာသည်​့ 4L.........-AUTO LIFAN (ကြက်​​သွေး​ရောင်​)ယာဉ်​သည်​ မိုင်​တိုင်​အမှတ်​(၂/၇)အ​ရောက်​တွင်​ အရက်​​သေစာ​သောက်​စားပြီး ယာဉ်​အား မဆင်​မခြင်​ အရှိန်​ပြင်​းစွာ လမ်​းအပြည်​့​မောင်​းနှင်​လာစဉ်​ အရှိန်​မထိန်​းနိုင်​ဘဲ ငမင်​တံတား ယာဘက်​လက်​ရန်းအုတ်​ခုံအား ဝင်​​ရောက်​တိုက်​မိခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် ငမင်​တံတားယာဘက်​လက်​ရန်းအုတ်​ခုံ အင်္ဂ​တေအနည်​းငယ်​ကွာကျပျက်​စီးပြီး  ယာဉ်​မှာ လမ်​း၏ဝဲဘက်​ခြမ်​းသို့ တိမ်​း​မှောက်​ခဲ့သဖြင်​့ ထွန်​းမြင်​့​အေးတွင်​ ​ခေါင်​းမူး​နောက် (မစိုးရိမ်​ရ)နှင့်အောင်​နိုင်​ထွန်​းတွင်​ ယာဘက်​ပုခုံး​ပေါက်​ပြဲဒဏ်​ရာ၊ ယာဘက်​နှုတ်​ခမ်​း​ပေါက်​ပြဲဒဏ်​ရာ ၊ မျက်​နှာယာဘက်​ပါးပြင်​ ပွန်​းပဲ့ဒဏ်​ရာ(မစိုးရိမ်​ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့်  ယာဉ်​အား မဆင်​မခြင် အရှိန်​ပြင်​းစွာ​ မောင်​းနှင်​သူ ထွန်​းမြင်​့​အေးအား ​တောင်​တွင်​းကြီးမြို့မရဲစခန်​းမှ ယာဉ်​(ပ)၇/၂၀၁၉၊ရာဇသတ်​ကြီးပုဒ်​မ-၂၇၉/၃၃၇ ဖြင်​့ အမှု​ရေးဖွင်​့ စစ်​​ဆေးလျက်​ရှိ​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required