အီဂျစ်နိုင်ငံရှိ အက်စ်ဘာကီရာ စာအုပ်အဟောင်းဆိုင်တွင် စာအုပ်အရောင်းပွဲတော်ကျင်းပ

အီဂျစ်နိုင်ငံရှိ အက်စ်ဘာကီရာ စာအုပ်အဟောင်းဆိုင်တွင် စာအုပ်အရောင်းပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၉ ။            ။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာတည်ရှိတဲ့ ဆူအယ်လ်အက်စ်ဘာကီရာ စာအုပ်အဟောင်းဆိုင်ရဲ့ တာဝန်ခံတွေ စုပေါင်းပြီး စာအုပ်အရောင်းပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဆူအယ်လ်အက်စ်ဘာကီရာ စာအုပ်အဟောင်းဆိုင်ဟာ အီဂျစ်မှာ နှစ်ပေါင်းများစွာကတည်းက ဖွင့်လာခဲ့တဲ့ စာအုပ်စျေးကွက်ကြီးတစ်ခုပဲဖြစ်ပါတယ်။

အဆိုပါ စာအုပ်အဟောင်းဆိုင်ကြီးမှာ ရောင်းချနေတဲ့ စာအုပ်အရောင်းသမား ၁၃၀ နီးပါးရှိပြီး ၎င်းတို့ရဲ့စာအုပ်တွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီလ၊ ၂၃ ရက်မှာ ကျင်းပမယ့် ၅၀ ကြိမ်မြောက် ကိုင်ရိုစာအုပ်အရောင်းပွဲတော်မှာ ပါဝင်ရောင်းချဖို့ အက်စ်ဘာကီရာ စာအုပ်ဆိုင်က အရောင်းသမားတွေ အားလုံးစုပေါင်းပြီး လျှောက်လွှာတင်ထားကြပေမယ့် ၎င်းတို့ထဲက ၃၃ ဦးကိုပဲ ကိုင်ရိုစာအုပ်အရောင်းပွဲတော် အကြီးအကဲတွေက ပါဝင်ရောင်းချခွင့်ပေးခဲ့တာဖြစ်ပါတယ်။

၃၃ ဦးသာ ကိုင်ရိုစာအုပ်ပွဲတော်မှာ ရောင်းချခွင့်ရှိမှာဖြစ်တဲ့အတွက် အက်စ်ဘာကီရာ စာအုပ်ဆိုင်က အရောင်းသမားတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာအုပ်ပွဲတော်ကို ယခုလိုကျင်းပခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ရောင်းတဲ့ စာအုပ်တွေက စျေးပေါတယ်။ သူတို့က စာအုပ်အကြီးဆို အီဂျစ်ပေါင် ၁၅ဝကနေ ၃၀၀ အထိ စျေးတင်ပြီးရောင်းချင်တာ။ စာအုပ်အသေးတွေဆို ၆၀ ပေါင်လောက်ရောင်းချင်တာဆိုတော့ ကျွန်တော်တို့ကို သူတို့က အဲ့ပွဲမှာ မပါစေချင်ဘူးပေါ့ဗျာ။”လို့ စာအုပ်အဟောင်းတွေရောင်းတဲ့ ဟာဘီဟက်ဆန်က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ စာအုပ်တစ်အုပ်ကို ပိုက်ဆံအများကြီးပေးဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီစာအုပ်ဆိုင်မှာဆိုရင်တော့ ပေါင် ၁၀၀၊ ၂၀၀ လောက်နဲ့ စာအုပ်အကောင်းစားတွေ ဝယ်လို့ရတယ်။”လို့ အက်စ်ဘာကီရာ စာအုပ်ဆိုင်မှာ စာအုပ်လာဝယ်တဲ့ မိုဟာမက် ဟက်ဆန်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required