အယ်လ်ဂျီးရီးယားရှိ ရှေးဟောင်းဂူသချင်္ိုင်း ၁၃ ခုကို ယူနက်စကိုစာရင်းဝင်ဖြစ်ရန် အာဏာပိုင်များကြိုးပမ်း

အယ်လ်ဂျီးရီးယားရှိ ရှေးဟောင်းဂူသချင်္ိုင်း ၁၃ ခုကို ယူနက်စကိုစာရင်းဝင်ဖြစ်ရန် အာဏာပိုင်များကြိုးပမ်း

ဇန်နဝါရီ ၁၄ ။         ။ အယ်လ်ဂျီးရီးယား ရှေးဟောင်းသုတေသနကျောင်းသားတွေဟာ အယ်လ်ဂျီးရီးယားနိုင်ငံ၊ တီအာရက်မြို့နားမှာ တည်ရှိတဲ့ ဂျက်တာ ရှေးဟောင်း အယ်လ်ဂျီးရီးယား ပိရမစ်ဂူသချင်္ိုင်းတွေကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရှိရပါတယ်။

အယ်လ်ဂျီးရီးယား အာဏာပိုင်တွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ တီအာရက်မြို့နားက တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ၁၈ မီတာ (ပေ ၆၀) ခန့်မြင့်မားတဲ့ ဂျက်တာ ဂူသချိင်္ုင်း ၁၃ ခုကို ယူနက်စကို ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်အောင် ကြိုးစားအားထုတ်နေကြတာဖြစ်ပါတယ်။

ဘာဘာဘုရင်တွေ အုပ်စိုးခဲ့တဲ့ခေတ်၊ ၄ ရာစုနဲ့ ၁၇ ရာစုကြားကာလမှာ တည်ဆောက်ခဲ့တဲ့ ဂူသချိင်္ုင်းတွေဖြစ်ပြီး ဘယ်သူဘယ်ဝါကို မြုပ်နှံထားတယ်ဆိုတာကိုတော့ မသိရသေးကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

အဆိုပါဂူသချင်္ိုင်းတွေရဲ့ အတွင်းထဲမှာတော့ ရှေးဟောင်းခရစ်ယာန်သင်္ကေတတွေဖြစ်တဲ့ အမဲလိုက်နေတဲ့ပုံ၊ တိရစ္ဆာန်ပုံတွေ ရေးခြစ်ထားတဲ့ တံခါးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ရှေးဟောင်းဂူသချင်္ိုင်းတွေကို တွေ့ရှိတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ၂၀၂၀ ခုနှစ်အစောပိုင်းမှာ အဆိုပါဂူသချင်္ိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ယူနက်စကိုအဖွဲ့ကို ပေးပို့သွားမှာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ယခုလက်ရှိမှာတော့ ရှေးဟောင်းသုတေသနဆရာနဲ့ ကျောင်းသားတစ်သိုက်ဟာ တွေ့ရှိထားတဲ့ ဂူသချင်္ိုင်းတွေပေါ်မှာ ရေးခြစ်ထားတဲ့ သင်္ကေတတွေ၊ ကျောက်စာတွေကို ဖတ်ရှုနိုင်ဖို့ သန့်ရှင်းရေးတွေလုပ်နေကြောင်း၊ သန့်ရှင်းရေးလုပ်ပြီးမှ ဂူသချင်္ိုင်းတွေရဲ့ ထုထည်ကို တိုင်းတာသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required