ဆွစ်တောင်တန်းမှ နှင်းထုကြီး ပြိုကျလာပြီး Säntis ဟိုတယ်အား ဝင်တိုက်ရာ သုံးဦးဒဏ်ရာရ

ဆွစ်တောင်တန်းမှ နှင်းထုကြီး ပြိုကျလာပြီး Säntis ဟိုတယ်အား ဝင်တိုက်ရာ သုံးဦးဒဏ်ရာရ

ဇန်နဝါရီ ၁၂ ။           ။ ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆွစ်စ်တောင်တန်းမှာရှိတဲ့ Schwägalp တောင်ပေါ်က နှင်းထုကြီးက Säntis ဟိုတယ်စားသောက်ဆိုင်အား ဝင်တိုက်ရာ သုံးဦးဒဏ်ရာရသွားကြောင်း ဆွစ်ဇာလန်အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ (ဇန်နဝါရီလ ၁၀ ရက်)၊ ညနေ ၄ နာရီခွဲမှာ ၃၀၀ မီတာခန့်ရှိတဲ့ နှင်းထုကြီးဟာ Schwägalp တောင်ပေါ်က ပြိုကျလာပြီး Säntis ဟိုတယ်စားသောက်ဆိုင်ကို ဝင်တိုက်ရာ သုံးဦး ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ဒဏ်ရာအနည်းငယ်ရသွားခဲ့တဲ့ ဧည့်သည် သုံးဦးစလုံးကို ဆေးရုံတင်ထားကြောင်း သိရှိရပါတယ်။

ဒါ့အပြင် အဆိုပါနှင်းထုကြီးကြောင့် ဟိုတယ်ကားပါကင်မှာ ရပ်ထားတဲ့ မော်တော်ကား ၂၅ စီးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဆွစ်ဇာလန်အာဏာပိုင်တွေက ထုတ်ပြန်ကြေညာထားပါတယ်။

Säntis ဟိုတယ်မှာ တည်းခိုနေတဲ့ အခြားဧည့်သည်တွေနဲ့ နှင်းလျှောစီးသူတွေ ပျောက်ဆုံးနေတာမျိုး မရှိခဲ့ပေမယ့် ကယ်ဆယ်ရေးတပ်သားတွေဟာ မနေ့ကလည်း တစ်နေကုန် လိုက်ရှာနေခဲ့ကြတာဖြစ်ပါတယ်။

ရာသီဥတုအခြေအနေပြင်းထန်မှုကြောင့် ဆွစ်ဇာလန်ရှိ လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားရသလို ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required