အယ်ဆာဗေဒို၊ ဂွါတီမာလာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတို့ကို အကူအညီအားလုံး ဖြတ်တောက်ပစ်မယ်လို့ ထရမ့် စိတ်ဆုံးဖြတ်

အယ်ဆာဗေဒို၊ ဂွါတီမာလာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတို့ကို အကူအညီအားလုံး ဖြတ်တောက်ပစ်မယ်လို့ ထရမ့် စိတ်ဆုံးဖြတ်

၀ါရှင်တန်၊ ဒီဇင်ဘာ ၂၉ ။          ။ ဗဟိုအမေရိကမှ ရွှေ့ပြောင်းဝင်ရောက်သူ စီးဆင်းမှုကြီး တောင်ပိုင်းနယ်စပ်ကို ရောက်ရှိပြီး အမေရိကန်နိုင်ငံအတွင်း ဝင်ကြဖို့ ကြိုးစားနေကြတာတွေကို လက်တုံ့ပြန်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ဟာ အယ်ဆာဗေဒို၊ ဂွါတီမာလာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေကို ကူညီထောက်ပံ့ပေးထားတဲ့ စီးပွားရေးအကူအညီအားလုံးကို ဖြတ်တောက်ပစ်မယ်လို့ သောကြာနေ့မှာ  စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

“ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်ဆာဗေဒိုနိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကိုပဲ ယူပြီး အမေရိကန်နိုင်ငံအတွက်ကျတော့ ဘာတစ်ခုမှ ပြန်ပြီး မလုပ်ပေးဘူး။ ဟွန်ဒူးရပ်မှာ ရွှေ့ပြောင်းသူစီးဝင်မှုကြီးဆိုပြီးတောင် ဖြစ်လာလည်း ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေတယ်။ အမေရိကန်ဆီကနေ နှစ်ရှည်လများ အကျိုးစီးပွား ထုတ်ယူနေတဲ့ ဒီ သုံးနိုင်ငံစလုံးကို အကူအညီတွေ အားလုံး ကျွန်တော်တို့ ဖြတ်တောက်ပစ်ရမှာပဲ။”လို့ တွစ်တာပေါ်မှာ ထရမ့်က ရေးသားပါတယ်။

အောက်တိုဘာလအတွင်းကလည်း ထရမ့်ဟာ အလားတူခြိမ််းခြောက်မှုမျိုး ပြောဆိုဘူးပါတယ်။ ဗဟိုအမေရိက မြောက်ပိုင်းတြိဂံသုံးနိုင်ငံကို အကူအညီတွေ တော်တော်များများ ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပေမယ့် လက်တွေ့ အရေးယူတာမျိုးတော့ မရှိကြောင်း သိရပါတယ်။

စက်တင်ဘာ ၃၀ မှာ အဆုံးသတ်တဲ့ ၂၀၁၈ ဘဏ္ဍာနှစ််အတွင်း အမေရိကန်ဟာ ဂွါတီမာလအတွက် အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဟွန်ဒူးရပ်စ်အတွက် ဒေါ်လာ ၅၈ သန်းနဲ့ အယ်ဆာဗေဒိုအတွက် ဒေါ်လာ ၅၁ သန်း အသီးသီး ကူညီထောက်ပံ့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန စာရင်းတွေက ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required